DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် ဘူးသီး​တောင်​မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)
DVB
·
June 18, 2019
တိုက်ပွဲများကြောင့် ဘူးသီး​တောင်​မြို့နယ်က ကျေးရွာ ၃ ရွာတွင် လူသူကင်းမဲ့နေ (ဓာတ်ပုံ)
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်​ စိုင်းဒင်ရေတံခွန်​အနီး ​တပ်​မ​တော်​နဲ့ ​အေ​အေတို့ မကြာခဏဆိုသလို တိုက်​ပွဲတွေ ဖြစ်​ပွား​နေတာကြောင့် ကျေးရွာ ၃ ရွာမှာ ဒေသခံတွေ မနေရဲကြတော့ဘဲ  ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာအပြင် တပ်​မ​တော်​စစ်​​ကြောင်းတွေကလည်း ကျေးရွာတွေထဲ ၀င်ရောက်ရှာဖွေနေလို့ စိုင်းဒင်​​အနီး ဈေးရွာ၊ ပြင်​​ချောင်း မြိုမိ​ချောင်း စတဲ့ တိုင်းရင်းသား​ကျေးရွာတွေက ရွာသားတွေဟာ ရွာတွေမှာ လုံးဝ နေထိုင်​နိုင်​ခြင်းမရှိတော့ဘဲ ကြားညိုပြင်​ဒုက္ခသည်​စခန်း၊ ဒုံးသိမ်​ဒုက္ခသည်​စခန်းနဲ့ ဘူးသီး​တောင်​မြို့​ပေါ် ဒုက္ခသည်​ စခန်းတွေမှာ သွားရောက်​နေထိုင်​​နေကြရပါတယ်။

ဘူးသီး​တောင်​မြို့နယ်​ အမျိုးသားလွှ​တ်​​တော်​အမတ် ဦး​မောင်​​ကျော်​ဇံက "စိုင်းဒင်​ အနီး ​ဈေးရွာ၊ပြင်​​ချောင်း၊မြိုမိချောင်း သုံးရွာမှာ လူ​နေထိုင်​လို့ လုံးဝမရ​တော့ဘူး။ အိမ်​​တွေလည်း ဖြိုဖျက်​ခံရတယ်​။ရွာသူ/သား​တွေကို အစိုးရက​ ထောက်​ပံ့တဲ့ ရိက္ခာ​တွေ လာထုတ်​ယူတာကို​တောင်​ ဖမ်းဆီးစစ်​​ဆေးတယ်​။ ဒီလိုအ​ခြေအ​နေ​ကြောင့် သုံးရွာလုံး လူ​နေထိုင်​ခြင်း လုံးဝမရှိ​တော့ပါဘူး" လို့ ပြောပါတယ်။

ပြင်​​ချောင်း​ကျေးရွာမှ ဦးဖိုးသာက "ကျနော်​တို့ရွာကို လုံးဝသွားလို့မရတာ အခုဆို တလနီးပါး ရှိပါပြီ။ ​နေအိမ်​​တွေကိုလည်း တပ်​မ​တော်​စစ်​​ကြောင်း​တွေက ၀င်​​ရောက်​ရှာ​ဖွေတယ်"​ လို့ ပြောပါတယ်။

ပြင်​​ချောင်း​ကျေးရွာမှာ မူလွန်​​ကျောင်းတကျောင်းရှိပြီး ​ဈေးရွာ နဲ့ မြိုမ ​ချောင်း​ကျေးရွာတွေက ​ကျောင်းသူ/သားတွေ လာ​ရောက်​​ကျောင်းတက်​​ကြ​ပြီး လက်ရှိမှာတော့ လူမနေထိုင်တော့တဲ့ အတွက် စာသင်​​ကျောင်း ပိတ်ထားရပါတယ်။

တပ်မတော်သတင်းမှန်​ပြန်​ကြား​ရေး တာဝန်​ခံ ဗိုလ်​မှူးချုပ် ဇော်​လင်းထွန်းက “လူ​တွေ မ​နေထိုင်​နိုင်​ဖြစ်​တာက နှစ်​ဖက်​တိုက်​ပွဲ​တွေ​ကြောင့်လို့ သုံးသပ်​ရမယ်​။ ဘာဖြစ်လို့လဲဆို​တော့ ကျနော်တို့ တိုင်းရင်းသား​ ကျေးရွာ​တွေ​ နေထိုင်​တာကိုပဲ လိုချင်​တယ်​၊ မဟုတ်​ရင် လူမျိုးခြား​တွေ ၀င်​​နေထိုင်​သွားနိုင်​တယ်​၊ လူမ​နေထိုင်​​အောင်​ လုပ်​​နေတယ်​လို့​ပြောတဲ့ ရွာသားဆိုတာလည်း သူပုန်​ပဲ ဖြစ်​လိမ့်မယ်​။ အဲ့ဒီရွာ​တွေနဲ့ သူပုန်​​တွေနဲ့က တ​သားတည်းဖြစ်​​နေတာ​တွေရှိတယ်​" လို့​ ပြောပါတယ်​။

ဈေးရွာမှာ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၆၃ ဦး ​နေထိုင်​ပြီး ဘူးသီးတောင်နဲ့ မိုင် ၂၀ ကျော်ဝေးကွာတဲ့ ရွာ​လေးတ​ရွာဖြစ်ပါတယ်။ မြို့မ​ချောင်း​ကျေးရွာမှာ အိမ်​​ခြေ ၁၇ အိမ်​၊ လူဦး​ရေ ၈၄ ဦးရှိပြီး ပြင်​​ချောင်းမှာ အိမ်​ခြေ ၄၃ အိမ်၊ လူဦးရေ​ ၂၀၀ ​ကျော်​ရှိ​တယ်လို့ သိရပါတယ်​။

ဒါ့အပြင် ဈေးရွာမှာ ၂၀၁၈ ဒီဇင်​ဘာလကတည်းက စစ်​​ဘေးခိုလှုံနေကြ​တဲ့ ပုဏ္ဏားကျွန်းမြို့နယ် မီးကျောင်းခုတ်ကျေးရွာနဲ့ အဝပြန်ကျေးရွာမှ စစ်ဘေးဒုက္ခသည်မိသားစု ၃၁ စု၊ လူဦးရေ ၁၃၄ ဦးဟာလည်း ဒုံသိမ်​စစ်​​ရှောင်​စခန်းကို ​ပြောင်း​ရွှေ့ ​နေထိုင်​​နေကြ​ရပါတယ်။

ကျော်​လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013