DVB Logo
Home
မြန်မာသတင်း
ကူကီး(ခေါင်ဆိုင်) စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး တမူးတွင် ဖွင့်လှစ်
DVB
·
June 18, 2019
ကူကီး(ခေါင်ဆိုင်) စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး တမူးတွင် ဖွင့်လှစ်
1 / 5
Donate to DVB

ဇွန်လ ၁၇ ရက်နေ့က တမူးမြို့ စန္ဒကူး ၆ ရပ်ကွက်မှာ ကူကီးလူမျိုးတို့ စာပေဖွံ့ဖြိုးရေး အတွက် ကူကီး (ခေါင်ဆိုင်) စာပေနှင့် ယဉ်ကျေးမှုအသင်းကော်မတီ ရုံးခန်းကို ဖွင့်လှစ်ခဲ့ပါတယ်။

"မြန်မာနိုင်ငံထဲမှာ ကိုယ့်စာပေသင်နိုင်ဖို့နဲ့ ကိုယ့်ဓလေ့ထုံးတမ်းကို ထိန်းသိမ်းကြဖို့ဆိုတာ အစိုးရရဲ့ တရားဝင်အသိအမှတ်ပြုခံရမှ တရားဝင်ရုံးခန်းနဲ့ဆိုမှ လုပ်ရကိုင်ရတာ အဆင်ပြေတယ်။ ဒါ့အပြင် လူငယ်တွေလည်း ကိုယ့်စာပေကိုယ် သင်ကြားထိန်းသိမ်းနိုင်ရေးအတွက် အားနည်းချက်တွေ ရှိနေတော့ အလုပ်အများကြီး လုပ်ဖို့ လိုအပ်နေပါသေးတယ်" လို့ အသင်း နာယက ဖြစ်သူ ဦးထန်ခိုဆေးက ပြောပါတယ်။

ကူကီးလူမျိုးတွေအနေနဲ့ မြန်မာနိုင်ငံ ၂၀၁၄ သန်းခေါင်စာရင်းမှာ ကူကီလူမျိုးနာမည် အသိအမှတ်ပြု မခံရတဲ့အပြင် စာပေနဲ့ယာဉ်ကျေးမှုအသင်းကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ကမှ အသင်းမှတ်ပုံတင်ရရှိခဲ့တာဖြစ်ပါတယ်။

"၂၀၁၇ တုန်း နွေရာသီမှာ ကူကီးစာပေသင်ခွင့်ရတယ်။ ကျောင်းတွေမှာ တရားဝင်တော့ သင်ခွင့်တော့ မရသေးဘူး။ ဒါတွေကို တရားဝင်သင်ကြားခွင့်ရရေးက ဖြစ်လာမယ် မျှော်လင့်တယ်။ ကျနော်တို့ ကူကီးတွေဟာ ကူကီးလို့ ပြောလိုက်တာနဲ့ အိန္ဒိယထဲက ကူကီးနဲ့ မှားထင်တတ်လို့ ကိုယ့် လူမျိုးနာမည်တောင် အရင်က မပြောရဲခဲ့ကြဘူး။ ဒါပေမယ့် ဒီနေ့မှာ ကိုယ့်စာပေယဉ်ကျေးမှု အသင်း ဖြစ်လာတော့ ဒါဟာ ကျနော်တို့အတွက် မျှော်လင့်ချက်ရောင်နီ လင်းလာတာလို့ ယူဆပါတယ်" လို့ ကူကီးလူငယ်တဦး ပြောပါတယ်။

ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း လေရှီး၊ ဟုမ္ပလင်း၊ ခန္တီး၊ ကလေးနဲ့ ချင်းပြည်နယ် တွန်းဇံဒေသတွေမှာ ဖြန်ကျက်နေထိုင်ကြပြီး တမူးမြို့မှာတော့ အများဆုံး နေထိုင်ကြပေမယ့် ၂၀၁၄ သန်းခေါင်စာရင်းမှာ အသိမှတ်မပြုခံရတဲ့အတွက် လူဦးရေးကို အတိအကျသိဖို့ ခက်ခဲနေပြီး ခန့်မှန်းဦးရေ လေးသောင်း အထက်မှာ ရှိနေတယ်လို့လည်း ဦးထန်ခိုဆေးက ဆိုပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013