DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို ကျုံးဘေးတွင် စတုဒီသာ ကျွေးမွေးလှူဒါန်း
DVB
·
June 17, 2019
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အကြို ကျုံးဘေးတွင် စတုဒီသာ ကျွေးမွေးလှူဒါန်း
1 / 6
Donate to DVB

နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်မန္တ​လေးမြို့ ကျုံးမြောက်ဘက် ၂၆ လမ်းနဲ့ ၇၅ လမ်း ထောင့်မှာ  ဒီနေ့ စတုဒီသာ ထမင်းကျွေးမွေးခဲ့ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးမွေးလှူဒါန်းတာတွေကို မန္တ​လေးမြို့က နေရာ တချို့မှာ စတင်ပြုလုပ်နေကြတာပါ။

အခုလို ထမင်းစတုဒီသာကျွေးမွေးလှူဒါန်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဦးဆောင်ကျွေးမွေး လှူဒါန်းတာခဲ့ကြတာဖြစ်ပြီး နေ့လယ် ၂ နာရီကနေ ညနေပိုင်းအထိ ကျွေးမွေးမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ကိုယ်စား မန္တ​လေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ဒီနေ့ မနက် ၈ နာရီမှာ လူမှုဝန်ထမ်း Save house ရှိရာ ပရဝုဏ်အတွင်းမှာ အရိပ်ရအပင် ၇၅ ပင်စိုက်ပျိုးခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေရာမှာပဲ စက်ရေတွင်းဖော်ဖို့အတွက် ကျပ်သိန်း ၅၀ လှူဒါန်းတာနဲ့ လူမှုဝန်ထမ်းလက်အောက်ရှိ ကလေးသူငယ်တွေကို T-shirtတွေ၊ အမျိုးသမီးသုံးပစ္စည်းတွေ၊ အာဟာရမုန့်တွေ လှူဒါန်းခဲ့တယ်လို့လည်း မန္တ​လေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ဇနီး ဒေါက်တာဒေါ်ယုယုမေက ၎င်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အထိမ်းအမှတ် အဖြစ် လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013