DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ်အခွင့်အရေးဥပဒေ နိုင်ငံအတွက် ကြီးမားသည့်အန္တရာယ်ကျရောက်နိုင်ဟု ကြံ့ခိုင်ရေးပါတီ သတိပေး
DVB
·
June 17, 2019
ကလေးသူငယ်အခွင့်အရေးဥပဒေ နိုင်ငံအတွက် ကြီးမားသည့်အန္တရာယ်ကျရောက်နိုင်ဟု ကြံ့ခိုင်ရေးပါတီ သတိပေး
1 / 5
Donate to DVB

လွှတ်တော်က အတည်ပြုလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက် ကြောင့် မကြာခင် နိုင်ငံအတွက် ကြီးမားတဲ့အန္တရာယ်ကျရောက်နိုင်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက သတိပေး ပြောကြားလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင်နဲ့ ကျောက်တန်းမြို့နယ်က ပါတီဝင်တွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပွဲကို ဇွန်လ ၁၇ ရက်က ကျောက်တန်းမြို့နယ် ပါဒကြီးဘုရားမှာ ပြုလုပ်ခဲ့ရာမှာ ဦးသန်းဌေးက အခုလိုပြောဆိုခဲ့တာပါ။

ဇွန်လ ၇ ရက်က ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက်ထဲမှာ ကလေးသူငယ်တိုင်းအပေါ် အခမဲ့မှတ်ပုံတင်ခွင့်နဲ့ လူမျိုးဘာသာမခွဲခြားဘဲ ကလေးသူငယ်အားလုံးကို အကန့်အသတ်မရှိ မွေးစားနိုင်တယ်လို့ ပါရှိပြီး  မွေးစားသူအနေနဲ့ သားသမီးအရင်းလို အမွေဆက်ခံခွင့်ပေးခဲ့တဲ့အပေါ် အလွန် အန္တရာယ်ကြီးတာကြောင့် ပါတီက ကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင်သူတွေ ဝင်ရောက်မှုများပြီး ဘယ်လောက်ဝင်တယ်ဆိုတာ မစိစစ်နိုင်ချိန်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကို အတည်ပြုလိုက်တာကြောင့် မကြာခင်တိုင်းပြည်အတွက် ကြီးမားတဲ့အန္တရာယ်ကျရောက်နိုင်တယ်လို့လည်း ဦးသန်းဌေးက ပြော ပါတယ်။

ဒီဥပဒေဟာ မစ္စတာကိုဖီအာနန်ရဲ့ အစီရင်ခံစာထဲက အတိုင်း ဆောင်ရွက်တာဖြစ်ပြီး ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်လိုက်သလိုဖြစ်နေတယ်လို့လည်းလည်း ကြံ့ခိုင်ရေးပါတီ ကဝေဖန်ပါတယ်။  

ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်အတည်ပြုလိုက်တဲ့အပေါ် ဇွန်လ ၁၆ ရက်နေ့က ကြံ့ခိုင်ရေး ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက ကန့်ကွက်စာထုတ်ပြန်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းကတော့   ဥပဒေမှာ မြန်မာပြည်အတွင်း မွေးဖွားတဲ့ ကလေးငယ်တွေကို မွေးစာရင်း ထုတ်ပေးရမယ်လို့ ဆိုလိုရင်းဖြစ်ကြောင်းနဲ့ နိုင်ငံသားဖြင့်ခွင့်ကတော့ နိုင်ငံသား ဥပဒေအရပဲ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။  

“ကလေးသူငယ်တွေရဲ့ မွေးစာရင်းပေါ့။ ဥပဒေထဲမှာ မွေးဖွားခြင်းကို မှတ်ပုံတင်တယ်ဆိုတာက မွေးစာရင်းကို ပြောတာပါ။ နိုင်ငံသားစိစစ်ရေးကတ်မဟုတ်ပါဘူး။ ဘယ်နေရာမှာမွေးမွေး မြန်မာနိုင်ငံထဲမှာ မွေးရင် မွေးစာရင်းထုတ်ပေးရမယ်ပြောတာ။ မိဘမဲ့ကလေးတွေ၊ ရင်ခွင်မဲ့ကလေးတွေအတွက် လွယ်ကူအောင်ဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကတော့ နိုင်ငံသား ဥပဒေနဲ့ပဲ သွားမှာပါ။ သူတို့ပြောသလို မဖြစ်နိုင်ပါဘူး။ ပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာမှာလည်း အခု လူပြောများနေတဲ့ မွေးစားတဲ့ ကိစ္စ မပါပါဘူး”  လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိလူဦးရေစာရင်းဟာ ၅၅.၁သန်းရှိနေပြီး မြန်မာတိုင်းရင်းသားမဟုတ်တဲ့ လူဦးရေဟာ ၁၀ သန်းလောက်ရှိတယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီတာဝန်ခံ ဦးခင်ရီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013