DVB Logo
Home
မြန်မာသတင်း
လမ်းဘေးထိုးကျနေသည့်ကားပေါ်၌ KNU/KNLA- PC အရာရှိ ၁ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး
DVB
·
June 17, 2019
Gallery image 1
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း လမ်းဘေးတနေရာမှာ ထိုးကျနေတဲ့   ကားတစီးထဲ မှာ KNU/KNLA- PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့က အရာရှိ  တဦးကို ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ဇွန်လ ၁၅ ရက် ည ၉နာရီ ၄၅ မိနစ်လောက်က  ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာ နောင်လုံတောင်ကြားနေရာမှာ  ယာဉ်မတော်တဆဖြစ်ပြီး ကားတစီး လမ်းဘေးကို ထိုးကျနေတဲ့ ပုံစံနဲ့  တွေ့ရှိကြောင်း အကြောင်းကြားချက်အရ မာဃ လူမှုကူညီရေးအသင်းနဲ့ မြန်မာနိုင်ငံ လူမှု ကူညီရေးအသင်းတို့က သွားရောက် ကူညီကယ်ဆယ်ခဲ့တာပါ။

သဆုံးသူကို ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာမှာ ဦးခေါင်းရဲ့ ဘယ်ဘက်နားထင်မှာ ကျည် ဖောက်ဝင် သေနတ်ဒဏ်ရာနဲ့  သေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

သေဆုံးသွားသူဟာ  အသက် ၃၉ နှစ်အရွယ်ရှိ ကိုရာဇာ ဆိုသူဖြစ်ပြီး ဘားအံမြို့ရှိ နန်းမြင့်ရာဇာ  ပိုးထည်တိုက်ပိုင်ရှင်ဖြစ်သလို အန်စီအေ အပစ်ရပ်လက်နက်ကိုင်တဖွဲ့ဖြစ်တဲ့ KNU/KNLA-PCရဲ့ စီးပွားရေးတာဝန်ခံ အရာရှိတဦးလည်း ဖြစ်တယ်လို့  မာဃလူမှုကူညီရေး အသင်းမှာ ပါဝင်ကူညီခဲ့တဲ့ ကိုဇော်က ပြောပါတယ်။  

"ကိုရာဇာက အရင်က PC ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကပါ။ စီးပွားရေးတာဝန်ခံ အရာရှိ ဆိုပြီးတော့ သိထားတယ်။ နောက်တော့ သူက BGF နယ်ခြားစောင့်တပ်ကို အသွင်ပြောင်းဖို့ စာရင်းပေးထားဆဲမှာ အခုလိုဖြစ်တာပါ။ သူက နယ်ခြားစောင့်တပ် BGF တော့ မဟုတ်ပါဘူး။ အခုဖြစ်တာက သေနတ်နဲ့ပစ်သတ်ပြီး ကားမတော်တဆမှုပုံစံမျိုး ခြုံထဲ ထိုးထည့်သွားသလို ဖြစ်အောင် လုပ်ထားတယ်လို့တော့ ရဲတပ်ဖွဲ့က ပြောဆိုချက် တွေအရသိရတယ်။ အဲ့ဒီညက  ယာဉ်မတော်တဆမှုက မိုးတွေရွာနေတော့ မီးကလည်းပျက် နေရာစုံ မှာ ၃/၄ ခုလောက် ကူညီခဲ့ ရတယ်။ ဆေးစစ်ချက်အရတော့ လက်လည်းဖူးယောင်ပြီး ကျိုးနေသလိုဖြစ်နေတယ်။ ဗိုက်မှာ လည်း သွေးစို့နေတယ်။ ခေါင်းကတော့ ပေါက်ပြီး သွေးတွေထွက်နေတာကို နာကူအဖွဲ့ကား တွေက ဆေးရုံပို့ပေးခဲ့တယ်”လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အိန္ဒု နယ်မြေ ရဲစခန်းက ပုဒ်မ ၃၀၂  အရ အမှုဖွင့်လှစ်စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သတင်း-စောတာတူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013