DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲ ဂျပန်တွင်ကျင်းပ
DVB
·
June 17, 2019
ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်ပြည့်မွေးနေ့အကြို ဆုတောင်းပွဲ ဂျပန်တွင်ကျင်းပ
1 / 7
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့ အကြိုဆုတောင်းနဲ့ စတုဒီသာအလှူပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ တခဒနောဘဘ (Takadnobaba) မြို့မှာ ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့် မွေးနေ့အကြိုဆုတောင်းနဲ့ စတုဒီသာ အလှူပွဲကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအပါအ၀င် ဂျပန်လူမျိုး ၄၀၀ နီးပါး တက်ရောက်ခဲ့ကြ ပါတယ်။

လာရောက်သူတွေကို မြန်မာရိုးရာ အစားအစာတွေ အခမဲ့ကျွေးမွေးခဲ့ပြီး ပွဲတော်မှ ကောက်ခံရရှိငွေတွေကို မြန်မာနိုင်ငံအတွင်းရှိ မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဦးဆောင်ဖွင့်လှစ်တာဝန်ယူထားတဲ့ NAC (NLD AIDS CENTER) ရှိ ဝေဒနာရှင်တွေနဲ့ မိဘမဲကလေးတွေကို တနေ့တာ အာဟာရအဖြစ် ဇွန် ၁၉ ရက်နေ့မှာ ကျွေးမွေးလှူဒါန်းသွားမယ်လို့ ပွဲဦးဆောင်သူတွေက ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

မနက်ပိုင်းကလည်း GOTENBA အရပ်ရှိ ငြိမ်းချမ်းရေးစေတီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၇၄ နှစ်ပြည့် မွေးနေ့အကြို ဂါရဝပြုပွဲနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး ဘာသာပေါင်းစုံဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013