DVB Logo
Home
မြန်မာသတင်း
အရှိုချင်းတိုင်းရင်းသား​ကျေးရွာ​များတွင် မလွန်​-မင်းလှ ပရဟိတအဖွဲ့က အခမဲ့ ဆေးကုပေး
DVB
·
June 17, 2019
အရှိုချင်းတိုင်းရင်းသား​ကျေးရွာ​များတွင် မလွန်​-မင်းလှ ပရဟိတအဖွဲ့က အခမဲ့ ဆေးကုပေး
1 / 5
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းလှမြို့နယ်​ထဲက လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတဲ့ အရှိုချင်းတိုင်းရင်းသား ​ကျေးရွာ​တွေကို လွန်​-မင်းလှ ပရဟိတအဖွဲ့က သွား​ရောက်​ပြီး ဒေသခံတွေကို အခမဲ့ ​ဆေးဝါး ကုသ​ပေးခဲ့ပါတယ်​။

လေးပင်​၊ ပြသတ်​၊​ ကျောင်းကုန်း စတဲ့ကျေးရွာ​တွေက လူနာ ၅၀ ​ကျော်​လောက်ကို ဇွန်​ ၁၆ ရက်​​မနက်​က အခမဲ့​ဆေးဝါးကုသ​ပေးခဲ့တာလို့ မလွန်​-မင်းလှ ပရဟိတအဖွဲ့ ဦး​ဆောင်​သူ ​ဒေါက်​တာရဲထွန်း​ဇော်​ကပြောပါတယ်။

"​အဓိက ဒီရာသီမှာ ဝမ်း​ပျက်​၊ဝမ်း​လျှော​ရောဂါတွေ အဖြစ်​များတာ​တွေရတယ်​။ လမ်းပန်း ဆက်​သွယ်​​ရေးခက်​ခဲပြီး မိုးရွာ​တော့ လမ်း​တွေ​ချော်​တယ်​။ ​​တောင်​ကျ​ချောင်း ​ရေကျတဲ့အတွက်​ ဆိုင်​ကယ်​​တွေ ထမ်းပိုးပြီးမှ သွားရောက်​ရတာဖြစ်​တယ်​။"

မလွန်​-မင်းလှပရဟိတအဖွဲ့အနေနဲ့ အရှိုချင်းတိုင်းရင်းသား ​ကျေးရွာတွေကို အခုလို သွားရောက် အခမဲ့​ဆေးဝါးကုသမှု​တွေကို ပြီးခဲ့တဲ့နှစ်​ ဇူလိုင်​လကတည်းက စတင်​ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်​ပံတံခါး တိုက်​နယ်​အတွင်းမှာရှိတဲ့ ​တောင်​​ပေါ်အရှိုချင်းတိုင်းရင်းသား ရွာ​တွေကို ၂လ တကြိမ်သွားရောက်ပြီး အဝတ်​အထည်​၊ အစားအ​သောက်​နဲ့ ​ဆေးဝါး​တွေ လှူဒါန်းပြီး အခမဲ့ကျန်းမာ​ရေး ​စောင့်​​ရှောက်​​ပေး​နေတယ်​လို့သိရပါတယ်​။

ပရဟိတအဖွဲ့ ဦး​ဆောင်​သူ ​ဒေါက်​တာရဲထွန်း​ဇော်​က "လမ်းပန်း ဆက်​သွယ်​​ရေး ​ကောင်းမွန်​​အောင်​ လုပ်​​ပေးမယ်​ဆိုရင်​​တော့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး​တွေ အဆင်​​ပြေပြီး လူမှုဘဝ​တွေ မြင့်တက်​လာနိုင်​တယ်​။ လက်​ပံတံခါး တိုက်​နယ်​ဆေးရုံ တည်​​ဆောက်​ပြီးတာ တနှစ်​​လောက်​ရှိ​နေပြီး ဆရာဝန်​ချထားမ​ပေး​သေးဘူး။ အစိုးရ အ​နေနဲ့ ဆရာဝန်​နဲ့ ကျန်းမာ​ရေး ဝန်​ထမ်း​တွေ တာဝန်​ချထား​ပေးမယ်​ဆိုရင်​ လက်​ပံတံခါး တိုက်​နယ်​အတွင်းက ​ကျေးရွာ​ပေါင်း ၂၀ ​ကျော်​​လောက်​ကို ကျန်​မာ​ရေး​စောင့်​​ရှောက်​မှု​တွေ​ပေးနိုင်​မှာပါ"လို့ ပြောပါတယ်​။

အရှိုချင်းတိုင်းရင်းသား​တွေဟာ မ​ကွေးတိုင်း​ဒေသကြီး မင်းလှ၊ မင်းတုန်း၊ သရက်​၊​ အောင်​လံ၊ ငဖဲနဲ့ ​စေတုတ္တရာမြို့နယ်​​တွေမှာ အများဆုံး​နေထိုင်​ကြတာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013