DVB Logo
Home
မြန်မာသတင်း
မောင်တော ပင်လယ်ကမ်းခြေရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လေ့ကျင့်
DVB
·
June 16, 2019
မောင်တော ပင်လယ်ကမ်းခြေရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လေ့ကျင့်
1 / 5
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းခြေကျေးရွာဖြစ်တဲ့ ကျောက်ပန္ဒူကျေးရွာ မှာ ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး​လေ့ကျင့်တာတွေ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၁၆ ရက်နေ့က မနက်​ပိုင်းမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးပြီး မီးသတ်ဦးစီးဌာနနဲ့ မောင်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တွေဟာ ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေကျေးရွာမှာ ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး လေ့ကျင့်တာတွေ ပြုလုပ်ခဲ့တာပါ။

အခုလို ပြုလုပ်ရတာဟာ သဘာဝဘေး အန္တရယ်ဆိုသည်မှာ ကြိုတင်ပြင်တာတွေ များများလုပ်နိုင်လေ တကယ့်လက်တွေ့ဖြစ်တဲ့အချိန်မှာ ဆုံးရှုံးလျှော့ချလာနိုင်လေဖြစ်ကြောင်း လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကြည်က ပြောပါတယ်။

ကျေးရွာ လူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေကျင့်မှု ကြိုတင်​​လေ့ကျင့်​​ရေးမှာ ​ကျေးရွာသူ/သားတွေကို သဘာဝ​ဘေးအန္တရယ်​ဖြစ်​တဲ့ မုန်​တိုင်း အ​ရေး​ပေါ် အ​ခြေအ​နေကျ​ရောက်​လာပါက ကြိုတင်​ပြင်​ဆင်​ထားရမယ့်အချက်​တွေကို ​ဟော​ပြောတာ၊ ပရိုဂျက်​တာတွေနဲ့ ရှင်းလင်းတာတွေ ပြုလုပ်​ခဲ့ပါတယ်​။

အခုလို ကျေးရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး​လေ့ကျင့် တာတွေကို မောင်​​တောမြို့နယ်​အတွင်း ပထမဆုံးအကြိမ်​ပြုလုပ်​တာလည်း ဖြစ်​ပါတယ်​။

ကျောက်ပန္ဒူ ကျေးရွာမှာ အိမ်​​​ခြေ ၁၇၈ စု၊ လူဦး​ရေ ၁၃၀၀ ​ကျော်​​နေထိုင်​တဲ့ ​ကမ်း​ခြေတိုင်းရင်းသား ကျေးရွာတ​ခုဖြစ်​ပါတယ်​။

ကျော်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013