DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်တည်ဆောက်နိုင်ရေး သတင်းမီဒီယာကဏ္ဍက ပိုမိုဆောင်ရွက်ပေးရန် ကေအန်ယူ တိုက်တွန်း
DVB
·
June 16, 2019
ဖက်ဒရယ်တည်ဆောက်နိုင်ရေး သတင်းမီဒီယာကဏ္ဍက ပိုမိုဆောင်ရွက်ပေးရန် ကေအန်ယူ တိုက်တွန်း
1 / 4
Donate to DVB

နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့အတွက် သတင်းမီဒီယာအခမ်းကဏ္ဍကနေ ပိုမို ဆောင်ရွက်ပေးသွားကြဖို့ ကေအန်ယူ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပါတယ်။

ဘားအံမြို့၊ သီရိဘားအံဟိုတယ်မှာ ဇွန် ၁၅ ရက် ညနေ ၆ နာရီက ပြုလုပ်တဲ့ ကရင် သတင်းစဉ် ၂၂ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

ကေအန်ယူ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ၂ ဖဒိုစောလှထွန်းက “ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် နိုင်ငံတော်ကို တည်ဆောက်ချင်တဲ့ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေ ရှေ့ဆက်တည်ဆောက်ချင်တဲ့ ဒီနိုင်ငံမှာ အေးချမ်းစွာနေထိုင်ချင်တဲ့ နေထိုင်လိုတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့အတွက် သတင်းမီဒီယာအခမ်းကဏ္ဍကနေ ပိုမို ဆောင်ရွက်ပေးသွားကြပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင် က“သတင်းစာသမား၊ သတင်းမီဒီယာသမား၊ သတင်းထောက်မပါတဲ့ လွတ်လပ်ရေးတိုက်ပွဲသမိုင်းဟာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ သမိုင်းအဆက်ဆက် သတင်းစာသမားတွေ ဦးဆောင်ခဲ့တယ်”လို့ ပြောပါတယ်။

ကရင်သတင်းဌာန၊ ဒါရိုက်တာ နန်းဖော့ဂေက “တိုင်းရင်းသားရေးရာနဲ့ ဆက်စပ်ပြီးတော့ တိုင်းရင်းမီဒီယာကလည်း အရေးကြီးတယ်ဆိုတာမျိုးကို ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် အစိုးရ၊ ပြီးခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရလက်ထက်၊ အန်အယ်လ်ဒီအစိုးရလက်ထက် ဒါကတော့ ငြင်းလို့မရဘူး” လို့ ပြောပါတယ်။

ကရင်သတင်းဌာနကို ၁၉၉၇ ခုနှစ်က မြန်မာ- ထိုင်းနယ်စပ်ကနေ စတင်ပြီး ကရင်ပြည်သူ တွေအတွက် ဗဟုသုတတွေရရှိစေဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ ၂၀၁၀ နောက်ပိုင်း ပြည်တွင်းကို ပြန်လည်ဝင်ရောက်ကာ ပြန်ကြားရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး သတင်းတွေကို ထုတ်ဝေ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ကရင်သတင်းစဉ် သတင်းဌာနအနေနဲ့ လက်ရှိ စာစောင်၊ အွန်းလိုင်းလေဒီယို၊ ရုပ်သံတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကရင်းတိုင်းရင်းသားတွေအပြင် ပြည်ပရောက် ကရင်လူမျိုးတွေ အတွက် ကရင်ဘာသာ၊ မြန်မာဘာသာတွေနဲ့ ထုတ်ဝေ ထုတ်လွှင့်ပေးနေတာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013