
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့အနီးမှာ ဒီနေ့ မနက်ပိုင်းက အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁ နာရီ ၂၆ မိနစ်၊ ၀၂ စက္ကန့် အချိန်မှာ နမ့်စန်မြို့ရဲ့ အရှေ့ဘက် ၃၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၂၇ ဒီဂရီ၊ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါတယ်။
ပဲခူးတိုင်း ဖြူးမြို့နယ်မှာလည်း ဒီနေ့ မနက်ပိုင်းက အင်အားရစ်(ခ်)တာစကေး (၃.၃) အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။











