DVB Logo
Home
မြန်မာသတင်း
စီးပွားရေးမပါသည့်နိုင်ငံရေး အဓိပ္ပာယ်မရှိဟု သူရဦးရွှေမန်းပြော
DVB
·
June 16, 2019
စီးပွားရေးမပါသည့်နိုင်ငံရေး အဓိပ္ပာယ်မရှိဟု သူရဦးရွှေမန်းပြော
1 / 5
Donate to DVB

စီးပွားရေးမပါတဲ့ နိုင်ငံရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ချောင်းဦးမြို့မှာ ပြုလုပ်တဲ့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရဲ့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရုံးဖွင့်ပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနဲ့ လိုက်ဖက်တဲ့ စီးပွားရေးစနစ်၊ စီးပွားရေးမူဝါဒနှင့် လူမှုရေးဆိုင်ရာ မူဝါဒများ ဆောင်ရွက်တဲ့အခါမှာ တဖက်က နိုင်ငံရေးကို နိုးနိုးကြားကြား တက်တက်ကြွကြွ မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်။ တဖက်ကလည်း ကျနော်တို့ နိုင်ငံသားများရဲ့ စီးပွားရေး ပိုကောင်းလာအောင် မှန်မှန်ကန်ကန် တက်တက်ကြွကြွ ဆောင်ရွက်ဖို့ လိုပါတယ်။ ပြည်သူလူထုကြီး သိတဲ့အတိုင်းပဲ နိုင်ငံရေးဆိုတာ တကယ်တော့ ကျနော်တို့ တတွေရဲ့ စီးပွားရေးပါပဲ။ စီးပွားရေးမပါတဲ့ နိုင်ငံရေးဟာ အဓိပ္ပာယ်မရှိပါဘူး။ အဲဒီအတိုင်းပဲ စီးပွားရေးမကောင်းဘူးဆိုရင် နိုင်ငံရေးမကောင်းပါဘူး။ အဲဒီအတိုင်းပဲ နိုင်ငံရေးကောင်းရင် စီးပွားရေးကောင်းမယ်။ ဒါကြောင့် ကျနော်တို့ ဒီအချက်ကို အလေးအနက်ထားပါတယ်။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံးဖွင့်ပွဲအပြီးမှာ သူရဦးရွှေမန်းက တိုင်းအတွင်းက ပါတီဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မုံရွာမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ နိုင်ငံရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ၃ ရပ်ကို မူဝါဒချမှတ်ကာ အဲဒီအောက် မူဝါဒခွဲ ၂၂ ခု၊ လုပ်ငန်းစဉ် ၈၁ ခုကိုလည်း ချမှတ်ထားပြီး ပြည်သူတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ကာ ထပ်မံတိုးလာဦးမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ စစ်ကိုင်းတိုင်းအပြင် ဧရာဝတီ၊ ပဲခူး၊ မွန်ပြည်နယ်တို့မှာလည်း ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ မြို့နယ်ရုံး ၃၀ ထိ ဖွင့်လှစ်ထားကာ ဇွန်လကုန်မှာ မြို့နယ်ရုံး ၂၀၀ ထိဖွင့်လှစ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပြည်နယ်တွေမှာတော့ ဒေသခံတွေက ကမ်းလှမ်းဆွေးနွေးလာရင် ဖွင့်နိုင်အောင် စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013