DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏သမက် ကွယ်လွန်သွားသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်း စာပို့
DVB
·
June 16, 2019
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏သမက် ကွယ်လွန်သွားသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်း စာပို့
Donate to DVB

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ရဲ့ သမက် ဗိုလ်မှူးချုပ် သိန်းနိုင် (ငြိမ်း) ကွယ်လွန်သွားတဲ့အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ထံ ၀မ်းနည်းကြောင်းစာ ပေးပို့လိုက်ပါတယ်။

ဗိုလ်မှူးချုပ် သိန်းနိုင် (ငြိမ်း) ဟာ ဇွန် ၁၃ ရက်နေ့ ည  ၁၁ နာရီ ၁၅ မိနစ်က နေပြည်တော် ပြည်သူ့ဆေးရုံမှာ ကွယ်လွန်သွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀မ်းနည်းကြောင်းစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်က သူ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဇွန် ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

“Uncle ရှင့်၊ Uncle ၏သားသမက်  ဗိုလ်မှူးချုပ် သိန်းနိုင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ကြားသိရ၍ Uncle ၏ သမီး၊ မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းရပါသည်။ ဗိုလ်မှူးချုပ် သိန်းနိုင်  ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်” အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၀မ်းနည်းကြောင်းစာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က “ဆေးရုံမှာ ဗိုလ်မှူးချုပ် သိန်းနိုင်ကို ကြည့်ရန်သွားရောက်စဉ်က Uncle ကိုတွေ့ခဲ့ရကြောင်း ဦးမင်းသူထံမှ သိခဲ့ရပါသည်။ အန်ကယ်နှင့် မိသားစုအားလုံး ကျန်းမာစွာဖြင့် နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက်” လို့ စာမှာ ရေးသားထားပါတယ်။

ဗိုလ်မှူးချုပ် သိန်းနိုင် (ငြိမ်း)  ရဲ့ ရုပ်အလောင်းကို ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက တပ်မတော်ဆေးရုံး ငြိမ်းအေးဇရပ်မှ ဇွန် ကွေ့ကြီး သုသာန်ကို ပို့ဆောင်ပြီး မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဈာပနအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ (ငြိမ်း)နဲ့ ဇနီး၊ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတဟောင်း ဦးသိန်းစိန်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013