DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်​ဝင်​စာ​မေးပွဲ အမှတ်​စာရင်း​ ကြားဖြတ်တိုးဝှေ့ထုတ်ယူမှုများကြောင့် ကြန့်ကြာဟုဆို
DVB
·
June 16, 2019
တက္ကသိုလ်​ဝင်​စာ​မေးပွဲ အမှတ်​စာရင်း​ ကြားဖြတ်တိုးဝှေ့ထုတ်ယူမှုများကြောင့် ကြန့်ကြာဟုဆို
1 / 4
Donate to DVB

တက္ကသိုလ်​ဝင်​ စာ​မေးပွဲ အမှတ်​စာရင်း​တွေကို မြန်​မာနိုင်​ငံ စာစစ်​ဦးစီးဌာနက အဖွဲ့ခွဲပြီး မြို့နယ်​အလိုက်​ထုတ်​​ပေး​နေတယ်​လို့ မြန်​မာနိုင်​ငံစာစစ်​ဦးစီးဌာနက ပြောပါတယ်။

မြန်​မာနိုင်​ငံစာစစ်​ဦးစီးဌာန ဒုတိယညွှန်​ကြား​ရေးမှူး ​ဒေါက်​တာ မြတ်​စိုး​အောင်​က "တ​ဦးချင်း ကို အဓိက ဦးစာ​ပေးထုတ်​​ပေးပြီး အုပ်​စုလိုက်​ထုတ်​မယ့်​သူ​တွေကို ​နောက်​တ​ရက်​ချိန်း​ပေးပြီး မနက်​ပိုင်းမှာ ထုတ်​​ပေးပါတယ်​။ တချို့က ခုံနံပါတ်​မှာ ကုတ်​ဂဏန်း​လေး​တွေ မှားယွင်းပြီး ခုံနံပါတ်​​ရေးတဲ့အခါမှာ မသဲကွဲတဲ့အတွက်​ ကြန့်ကြာမှု အမှားအယွင်းရှိပါတယ်​။ ၂၀၁၃/၂၀၁၄ ခုနှစ်​​လောက်​က စတင်​ပြီး အ​ကောင်​ထည်​​ဖော်​ခဲ့တာဖြစ်​ပြီး ယခင်​နှစ်​က မြို့နယ်​​ပေါင်း ၉၀ ​ကျော်​​လောက်​ သွား​ရောက်​ထုတ်​​ပေးခဲ့ကာ ယခုနှစ်​မှာ ပိုမို​ရောက်​ရှိနိုင်​မှာပါ။ တန်းစီတဲ့ စနစ်​နဲ့ သပ်​သပ်​ရပ်​ရပ်​ လုပ်​သွားမယ်​ဆိုရင်​ အရမ်းမြန်​မှာဖြစ်​ပြီး ကြားဖြတ်​တိုး​ဝှေ့နေတာ​တွေ ရှိတဲ့အတွက်​လည်း ကြန့်ကြာမှု​တွေရှိပါတယ်​" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အရင်က အမှတ်​စာရင်း တခါထုတ်​ရင်​ တပတ်​​လောက်​အချိန်​​ပေးရပြီး အခုကွန်​ပျူတာစနစ်​နဲ့ ထုတ်​​ပေးတဲ့အတွက်​ မြန်​ဆန်​မှုရှိတယ်လို့ ဆိုပါတယ်။

အခုနှစ်​မှာ တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲကို ၉ သိန်း ၀န်းကျင်လောက် ၀င်ရောက်ဖြေဆိုခဲ့ပြီး ၂၆၀၀၀၀ လောက် ​အောင်​မြင်​ခဲ့ပါတယ်။

မ​ကွေးမြို့က ဆယ်​​တန်း​အောင်​မြင်​တဲ့ ​ကျောင်းသား မိခင်​တ​ဦးက "ယခင်​ကဆိုရင်​ အမှတ်​စာရင်း​တွေကို မြို့နယ်​ပညာ​ရေးမှူးရုံးက ထုတ်​ယူရတာဖြစ်​ပြီး တပတ်​လောက်​စောင့်​ရပြီး အခု​နေ့ချင်းထုတ်​လိုရတယ်​။မ​ကွေးတိုင်​ ​ဒေသကြီးတစ်​ခုလုံး တန်းစီ စနစ်​နဲ့ထုတ်​ယူရတာ ဖြစ်​ပြီး ၂ နာရီ​လောက်​ဘဲ ​စောင့်​ရတယ်​။ မ​ကွေးတိုင်းတတိုင်းလုံးအ​နေနဲ့ သူမြို့နယ်​နဲ့သူ အကန့်​​လေး​တွေခွဲပြီး ထုတ်​​ပေးမယ်​ဆိုရင်​ ပိုပြီး​တော့ မြန်​ဆန်​မယ်​လို့"​ လို့ ပြောပါတယ်​။

မြန်​မာနိုင်​ငံ စာစစ်​ဦးစီး ဌာနအ​နေနဲ့ တိုင်းနဲပြည်​နယ်​အလိုက်​ အဖွဲ့​​တွေခွဲပြီး တက္ကသိုလ်​ဝင်းတန်း စာ​မေးပွဲ အမှတ်​စာရင်း​တွေကို လှည့်လည်​ ထုတ်​​ပေး​နေတာပါ။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013