DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်သည့် စစ်တမ်း နိုင်ငံတော်အဆင့်ထိ ပေးပို့မည်
DVB
·
June 15, 2019
မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်သည့် စစ်တမ်း နိုင်ငံတော်အဆင့်ထိ ပေးပို့မည်
Donate to DVB

မသန်စွမ်းသူတွေ ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစောင်ကို မကြာခင်ကာလအတွင်း ထုတ်ပြန်ကာ နိုင်ငံတော်အဆင့်ထိ ပေးပို့သွားမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူက ပြောပါတယ်။

မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို မန္တလေးခရိုင်အတွင်းက မြို့နယ်လေးခုမှာ ပြုလုပ်ခဲ့တဲ့အပြင် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲပြုလုပ်ပြီးတဲ့နောက် ရရှိလာတဲ့ တွေ့ရှိချက်စစ်တမ်းကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ မသန်စွမ်းဥပဒေ ထွက်ရှိကာ ၂၀၁၇ ခုနှစ်မှာ နည်းဥပဒေထွက်ရှိခဲ့ပြီး မသန်စွမ်းတွေရဲ့ အရေးကို အရင်ကထက်စာရင် ထည့်သွင်းစဉ်းစားလာတာတွေရှိပေမယ့် နိုင်ငံရေး၊ ပြည်သူ့ရေးရာနဲ့ စီးပွားရေး နယ်ပယ်တွေမှာတော့ ပါဝင်နိုင်မှု အားနည်းနေသေးတယ်လို့ ပြောပါတယ်။

မသန်စွမ်းသူတွေရဲ့ အခွင့်ရေးဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုတော့ ဇွန် ၁၄ ရက်နေ့က မန္တ​လေးမြို့မှာ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူအချို့နဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲအပြီးမှာ ရရှိထားတဲ့ အချက်အလက်တွေနဲ့ စစ်တမ်းတစောင် ထုတ်ပြန်မယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013