DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိရွှေလုပ်သားများ၏ အလုပ်သမားရုံး ဖျက်ဆီးခံရ
DVB
·
November 19, 2012
Donate to DVB

ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်ပေါ်က ရွှေလုပ်သမားတချို့ကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဖိအားပေးတာတွေရှိသလို သူတို့ရဲ့ အလုပ်သမားရုံးကို မနေ့က ဖျက်ဆီးခဲ့တယ်လို့ ရွှေလုပ်သားတဦးက ပြောပါတယ်။

မိုးထိမိုးမိဒေသက ကုန်သည်ဇုန် (ဇ) အရပ်မှာ ဖွင့်ထားတဲ့ အလုပ်သမားရုံးကို အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၀င်ရောက်ဖျက်ဆီးခဲ့သလို သွားရောက်တားဆီးတဲ့ အလုပ်သမားတွေကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ရွှေလုပ်သားတဦးက ပြောပါတယ်။

“၁၈ ရက်နေ့ မနက်က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အလုပ်သမားရုံးကို ဖျက်ဆီးသွားပါတယ်။ ကျနော်တို့ထဲက ၅ ဦးက မဖျက်ဖို့ရာ သွားတောင်းပန်ပါတယ်။ ဒါကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းပြီး ရမည်းသင်းအချုပ်ထောင်ထဲ ပို့လိုက်ပါတယ်။”

ဒါ့အပြင် အခုလမ်းလျှောက်ချီတက်သူကို ငွေကြေးထောက်ပံ့တယ်ဆိုပြီးတော့လည်း တောင်ပေါ်ဒေသက အမျိုးသမီးတဦးကို ဖိအားပေးခဲ့တယ်လို့ ဆန္ဒထုတ်ဖော်သူ ကိုနိုင်ဝင်းက ပြောပါတယ်။

“လမ်းလျှောက်တဲ့အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ် ဆိုတဲ့ ယူဆချက်နဲ့ အဖွားကြီးကို ဖမ်းပြီး မေးမြန်းစုံစမ်းစစ်ဆေးတော့ အဖွားကြီးက သူဟာ တနေ့လုပ်မှတနေ့စားဖြစ်လို့ အဖွဲ့ကိုလည်း မထောက်ပံ့နိုင်၊ မကူညီနိုင်ပါဘူးလို့ ပြောတော့မှ ဒီလိုမထောက်ပံ့ပါနဲ့ မထောက်ပံ့ရင် ကောင်းကောင်းမွန်မွန်လုပ်စားခွင့်ပေးမယ်၊ နေရာထိုင်ခင်းပေးမယ်ဆိုပြီး ကုမ္ပဏီဘက်က ခြိမ်းခြောက်မှုတွေ လုပ်လာတယ်။”

ဒီဖြစ်ရပ်ဖြစ်ပွားချိန်ဟာ မိုးထိမိုးမိက ရွှေလုပ်သား ၈၀ ကျော်က သူတို့ရဲ့ လိုလားချက်ကို နေပြည်တော်မှာ တောင်းဆိုဖို့ ချီတက်နေချိန် ဖြစ်ပွားတာပါ။ ရွှေလုပ်သားတွေဟာ ဇွန်လ ကတုန်းကလည်း နေပြည်တော်ကို ချီတက်ခဲ့ပေမယ့် ကုမ္ပဏီက ညှိနှိုင်းလို့ တောင်းဆိုချက် ၆ ချက်ကို သဘောတူခဲ့ပါတယ်။

ဒါပေမယ့် ကုမ္ပဏီက သဘောတူညီချက်အတိုင်း မလုပ်တဲ့အတွက် ရန်ကုန်မှာရှိတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် မထူးခြားလာတာကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး နေပြည်တော်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။
ဒီနေ့ဆိုရင် ၁၁ ရက်မြောက်နေ့ဖြစ်ပြီး ဒီနေ့ညမှာတော့ မြို့လှမြို့မှာ ညအိပ်နားနေမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာ ၂၁ ရက်နေ့ နေပြည်တော်ကို ရောက်မယ်လို့ ခန့်မှန်းကြောင်းလည်း ကိုနိုင်ဝင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013