DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၃ ဦးရှိပြီ
DVB
·
June 15, 2019
ထိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၃ ဦးရှိပြီ
Donate to DVB

နိုင်ငံအတွင်း ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေကြောင်း ထိုင်းရောဂါထိန်းချုပ်ရေး ဌာနက ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၂၈၇၈၅ ဦးရှိခဲ့ပြီး အဲ့ဒီထဲကမှ ၄၃ ဦးဟာ သေဆုံးခဲ့ရတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

“ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အတွင်း ရရှိခဲ့တဲ့ အချက်အလက်တွေဖြစ်ပြီး ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ငါးနှစ်တာ ပျမ်းမျှဖြစ်ပွားမှုထက် နှစ်ဆမြင့်တက်ခဲ့တယ်” လို့ ဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ပရီချာ ပရမ်ပရီက ပြောပါတယ်။

ရာသီဥတုအပါအဝင် တူညီတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒီလိုမျိုးရောဂါပြန့်ပွားမှုရှိနေပြီး ခြင်ပေါက်ဖွားမှုကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီလိုဖြစ်ရတာလို့ သူက ဆက်လက်ပြောဆိုပါတယ်။

ဇွန် ၁၄ ရက်နေ့မှာပဲ ထိုင်းနိုင်ငံရဲ့ ပြည့်သူ့ကျန်းမာရေးဌာနက ခြင်ပေါက်ဖွားမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် ပြည်နယ်ခုနစ်ခုမှ ဝန်ကြီးဌာနတွေနဲ့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီဝန်ကြီးဌာနတွေမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ခရီးသွားနဲ့ အားကစားဝန်ကြီးဌာန၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးနဲ့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။

ဒီလိုထိန်းချုပ်ခြင်းမှာ ရပ်ကွက်တွေ ဘုရားကျောင်းတွေ ကျောင်းတွေနဲ့ ဆေးရုံတွေ ပါဝင်တယ်လို့ ထိုင်းပြည်သူ့ ကျန်းမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆူခန် ကန်ချနာပီမိုင်ကပြောပါတယ်။

“ရပ်ကွက်တွေနဲ့ ဘုရားကျောင်းတွေဟာ ခြင်တွေပေါက်ဖွားတဲ့ ပင်မနေရာတွေဖြစ်တယ်” လို့ ပြေါတယ်။

ထိုင်းနိုင်ငံမှာ မနှစ်က မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၅၉,ဝဝဝ ရှိပြီး ၆၉ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013