DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ယုဇနဖောင်ဒေးရှင်းရုံ အဆောက်အဦတွင် မီးလောင်
DVB
·
June 15, 2019
မြိတ်မြို့ ယုဇနဖောင်ဒေးရှင်းရုံ အဆောက်အဦတွင် မီးလောင်
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့ရှိ ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်တဲ့ အထပ်မြင့် အဆောက်အဦမှာ ဇွန်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မြိတ်မြို့ဆိပ်ငယ်ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ယုဇနဖောင်ဒေးရှင်းရုံး အဆောက်အဦမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲကွန်းကနေတစ်ဆင့် ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့တယ်လို့ ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

အဆိုပါ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုအတွက် မီးသတ်ယာဉ်နဲ့ရေသယ်ယာဉ် ၁၀ စီးဝန်းကျင် အသုံးပြုခဲ့ရကာ ၁၀ နာရီ ၄၅ မိနစ်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု အသေးစိတ်ကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်နယ်ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013