DVB Logo
Home
မြန်မာသတင်း
မ​ကွေးမြို့​ ​ဈေး ၄ ​ဈေးကို​ FDA ၀င်စစ်​​၊ တာရှည်ခံဆေးသုံး အသားတုများကို ဖျက်ဆီး
DVB
·
June 15, 2019
မ​ကွေးမြို့​ ​ဈေး ၄ ​ဈေးကို​ FDA ၀င်စစ်​​၊ တာရှည်ခံဆေးသုံး အသားတုများကို ဖျက်ဆီး
Donate to DVB

မကွေးတိုင်း မ​ကွေးမြို့​ပေါ် ​ဈေး ၄ ​ဈေးက စားသုံးရန်​မသင့်​တဲ့ အစား​​သောက်​​တွေကို ဇွန်​လ ၁၄ ရက်​​နေ့ မနက်​ပိုင်းက ပူး​ပေါင်းအဖွဲ့က ​ရွေ့လျားဓာတ်​ခွဲယာဉ်​နဲ့ စစ်​​ဆေးခဲ့ပြီး တာရှည်ခံဆေးသုံးထားတဲ့ အသားတုတွေကို ဖျက်ဆီးခဲ့တယ်လို့ အက်ဖ်ဒီအေက ပြောပါတယ်။

ဈေးကွက်​အတွင်းမှာ စားသုံးရန်​မသင့်တဲ့ စား​သောက်​ကုန်​​တွေ တ​ဖြည်းဖြည်း​လျော့နည်းသွား​အောင်​ ရည်​ရွယ်​ပြီး ​ကော်​မတီအဖွဲ့နဲ့ စစ်​​ဆေး​တာဖြစ်ပြီး တလကို တ​ကြိမ်​ စစ်​​ဆေးသွားမယ်လို့ မ​ကွေးတိုင်း​ဒေသကြီး အစား​သောက်​နဲ့​ဆေးဝါးများကွပ်​ကဲမှု ဦးစီးဌာန တိုင်း​တာဝန်​ခံ ​ဒေါက်​တာပြည့်​ထူးက ပြောပါတယ်။

ကုန်​ပစ္စည်း အမျိုးစားပေါင်း ၄၂ မျိုးလောက်ကို စစ်​​ဆေးတာဖြစ်​ပြီး ခွင့်​မပြု​ဆေး သုံးစွဲမှု ယခင်​ကထက်​​ အများကြီး​လျော့နည်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဓိက အသားတု​တွေမှာ တာရှည်​ခံ​ဆေး အသုံးပြုထားတာ​တွေ ​တွေ့ရှိလို့ ​ကော်​မတီအဖွဲ့​ရှေ့မှာ သိမ်းဆည်းဖျက်​ဆီးပြီး ဝန်​ခံကတိ ထိုးတာ​တွေ ပြုလုပ်​ခဲ့တယ်​လို့ ဒေါက်တာပြည့်ထူးက ဒီဗွီဘီကို ပြောပါတယ်။

“တစ်​ခြား ကုန်​ပစ္စည်း ၈ မျိုးကို​တော့ ​ရွေ့လျားဓာတ်​ခွဲခန်းနဲ့ စစ်​​ဆေးတာ သိပ်​မသဲကွဲလို့ ​နေပြည်​​တော်​ဓာတ်​ခွဲခန်းကို ပို့ထားတယ်​။ aဈးသည်​​တွေအ​နေနဲ့ ဝယ်​ယူတဲ့​နေရာကို မ​ပြောတဲ့ အတွက်​ ပင်​မ​ရောင်းချတဲ့​နေရာကို လိုက်​ဖို့ အခက်​ခဲ​တွေရှိတယ်​။ ပညာ​ပေးတာ​တွေပြုလုပ်​ပြီး ပင်​မ​နေရာကို စုံစမ်း​ဖော်​ထုတ်​နိုင်​ဖို့ ကြိုးစား​နေတယ်​။ လူသုံးများတဲ့ မုန့်ဟင်း​ခါးဖတ်​တို့ ​ခေါက်​ဆွဲဖတ်​​တို့မှာ​တော့ ​ဖော်​မယ်​လင်​ပါဝင်​တာ မ​တွေ့ရဘူး။”

ကံသာ​ဈေးမှ​ ဈေးဆိုင်​ပိုင်​ရှင်​တဦးဖြစ်​တဲ့ ကိုစိုင်းစိုးငယ်​က ​"အဓိက စစ်​​ဆေးမယ့် အရာ​တွေကို ​ဈေးသည်​​တွေကို ပွင့်​ပွင့်​လင်းလင်း ချပြရမှာဖြစ်​တယ်​။ ဘယ်​ပစ္စည်း အမျိုးစားက ​ရောင်းချခွင့်​မရှိဘူးလို့ တရားဝင်​ထုတ်​ပြန်​ရပါမယ်​။ အဓိက ပင်​ရင်း ​ရောင်းချတဲ ကုမ္ပဏီကြီး​တွေကို အ​ရေးယူ​ဆောင်​ရွက်​ရမှာပါ။ လက်​လီ​ရောင်းချ​နေတဲ့ ​ဈေးသည်​​တွေကို အ​ရေးယူ​ဆောင်​ရွက်​ ​တော့ နစ်​နာမှု​တွေရှိပါတယ်​" လို့ ပြောပါတယ်။

မ​ကွေးမြို့​ပေါ်ရှိ မြို့မ​ဈေး၊ ရန်​ပယ်​​ဈေး၊ ရန်​ကင်း​ဈေးနဲ့ ကန်​သာ​ဈေးရှိ ဈးဆိုင်​ခန်း​ပေါင်း ၃၂ ခန်းကို ​ကော်​မတီအဖွဲ့နဲ့ ပူး​ပေါင်းစစ်​​ဆေးခဲ့တာလို့ မ​ကွေးတိုင်း​ဒေသကြီး အစား​သောက်​နှင့်​​ဆေးဝါးများကွပ်​ကဲမှု ဦးစီးဌာနက သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013