DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ပစ်ခတ်မှုဖြစ်ပွား၊ စာသင်ကျောင်းများ အရေးပေါ်ပိတ်
DVB
·
November 19, 2012
Donate to DVB

မြန်မာနိုင်ငံကို အမေရိကန်သမ္မတ အိုဘားမား ရောက်လာတဲ့ မနက်မှာဘဲ  ကချင်ပြည်နယ် ဖားကန့်မှာ လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွားပြီး စာသင်ကျောင်း အနည်းဆုံး ၅ ကျောင်းကို အရေးပေါ် ပိတ်ထားလိုက်ရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ဖားကန့်မြို့မှာ  လက်နက်ကြီးနဲ့ ပစ်ခတ်သံ  အနည်းဆုံး ၉ ချက်လောက် ကြားခဲ့ရပြီး ဒေသခံတွေ အထိတ်တလန့်ဖြစ်သွားတဲ့အတွက် အစိုးရအထက်တန်းကျောင်းနဲ့ အေးမြသာယာ၊ ငှက်ပျောတော၊ မော်ဝမ်း   စတဲ့ ရပ်ကွက်ထဲက အလယ်တန်း၊ မူလတန်း စုစုပေါင်း ၅ ကျောင်းလောက် အရေးပေါ် ပိတ်ထားရတယ်လို့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“ဖားကန့် အထက ကျောင်းက အရင်ပိတ်လိုက်တယ်၊ ဘာလို့လဲဆိုတော့ အဲကျောင်းက စစ်ဗျူဟာကုန်းရဲ့ အောက်မှာရှိတယ်၊ စစ်ဗျူဟာကုန်းရဲ့ တောင်ခြေဆိုတော့ ဘယ်လောက်မှမဝေးဘူး၊ ဘောလုံးကွင်းတခု၊ လမ်းတခုပဲခြားတယ်။ တကယ်လို့ ကေအိုင်အေဘက်က ဗျူဟာကုန်းကိုရွယ်ပြီး ပစ်ခဲ့ရင် ကျောင်းတွေမှာ ထိခိုက်လာနိုင်တယ်ဆိုပြီး ဆရာ ဆရာမတွေလည်း စိုးရိမ်သွားတယ်။ ဈေးသူဈေးသားတချို့လည်း ကြောက်ပြီး ပိတ်တဲ့သူရှိတယ်၊ တချို့လည်း ရောင်းနေတယ်။”

လက်နက်ကြီးတွေဟာ အစိုးရတပ်စခန်းချရာ ဗျူဟာကုန်းဘက်ကနေ ၂ မိုင်ကျော်လောက် ဝေးတဲ့  ကေအိုင်အေ တပ်ရင်း ၆ တည်ရှိရာ ဖားကန့်မြို့ပြင်  နားမော်ကုန်း၊ ကျောက်ဖြူနဲ့ မော်မောင်းကုန်းရွာတွေဘက်ကို ဦးတည်ကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိပါဘူးလို့ ဦးဒါရှီလားဆိုင်းက ဆက်ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်က ဖားကန့်အနီးဝန်းကျင်မှာ ကေအိုင်အေနဲ့ အစိုးရတပ်ကြား  ပစ်ခတ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ခုရက်ပိုင်းအတွင်း  အစိုးရတပ်ဘက်က  လက်နက်ကြီးတွေနဲ့ တချက်တချက် ပစ်ခတ်တာတွေ ရှိပေမယ့် ဒီကနေ့ ပစ်ခတ်မှုက အများဆုံးဖြစ်ပြီး ၁၂၀ မမ တွေနဲ့ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ရောက်နေတဲ့အချိန်မှာ အခုလို ပြောင်ပြောင်တင်းတင်း ပစ်ခတ်တာဟာ၊ အစိုးရတပ်က ဘယ်သူ့မှ ဂရုမစိုက်ရာ ပြသနေကြောင်း၊ ဒါပေမယ့် သမ္မတ အိုဘားမားအနေနဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းမှု မရှိသေးတာကို သိသွားမယ်လို့လည်း ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013