DVB Logo
Home
မြန်မာသတင်း
သေနတ်ဖြင့် တေ့ပစ်သေဆုံးသွားခဲ့သည့် ပုသိမ်ကြီးမြို့နယ်ရဲမှူး၏ ဈာပနကျင်းပ
DVB
·
June 14, 2019
သေနတ်ဖြင့် တေ့ပစ်သေဆုံးသွားခဲ့သည့် ပုသိမ်ကြီးမြို့နယ်ရဲမှူး၏ ဈာပနကျင်းပ
Donate to DVB

ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ ဇွန် ၁၂ ရက်က သေဆုံးသွားခဲ့တဲ့ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွန့်သန်းရဲ့ ရုပ်အလောင်းကို ရေထွက်သုဿန်မှာ ဒီနေ့ သင်္ဂြိုဟ်ခဲ့ပါတယ်။

ရဲမှူးမျိုးညွန့်သန်းဟာ ပုသိမ်ကြီးမြို့မရဲစခန်းအတွင်း နေအိမ်မှာ သူကိုင်ဆောင်အသုံးပြုတဲ့ သေနတ်နဲ့ ပါးစပ်ကို တေ့ပစ်ကာ  ဦးခေါင်းနောက်စေ့ပေါက်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ သူသေဆုံးချိန်မှာတော့ ဇနီးနဲ့ သားသမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

ရဲမှူးမျိုးညွန့်သန်းဟာ အောင်သပြေရွာက တောင်သူတွေကို တရားလိုလုပ်ပြီး တရားစွဲ ထားသူဖြစ်ပြီး  အောင်သပြေရွာသား ကိုဝင်းမြင့်ထွန်း မန္တလေးထောင်ထဲမှာ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရသူလည်း ဖြစ်ပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013