DVB Logo
Home
မြန်မာသတင်း
တာချီလိတ်လေဆိပ်တွင် ပတ္တမြားဟုယူဆရသည့် ကျောက်ရိုင်းတုံးများ သိမ်းဆည်းရမိ
DVB
·
June 14, 2019
တာချီလိတ်လေဆိပ်တွင် ပတ္တမြားဟုယူဆရသည့် ကျောက်ရိုင်းတုံးများ သိမ်းဆည်းရမိ
Donate to DVB

တာချီလိတ်လေဆိပ်မှာ ပတ္တမြားကျောက်နဲ့ မဟူရာကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၄၆ ခဲ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးက  ဇွန် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၄၀ အချိန်က တာချီလိတ်မြို့ လေဆိပ် ဝန်ထမ်းတွေနဲ့ တာချီလိတ်လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူပေါင်းအဖွဲ့တို့ဟာ ဟဲဟိုးက တာချီလိတ်ကို ဆိုက်ရောက်လာတဲ့ Air KBZ လကြောင်းလိုင်း လေယာဉ်အမျိုးအစား ATR-72၊ လေယာဉ်အမှတ် XY-AJT၊ ခရီးစဉ်အမှတ် K7-703 မှ Cargo ပစ္စည်းတွေကို X-Ray စက်နဲ့ စစ်ဆေးခဲ့ရာမှ သိမ်းဆည်းမိခဲ့တာပါ။

စစ်ဆေးစဉ် မယေ့ရှမ်း(ခ)မအမ်း အမည်နဲ့ စက္ကူဖာ ၁ ခုအတွင်း နို့မှုန့် ၄ ထုပ်စီပါရှိတဲ့ Mead Johnson စာတမ်းပါ စက္ကူဖာ ၂ ခုအတွင်း ထည့်ထားတဲ့ ပတ္တမြားကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၄၅ ခဲ၊ မဟူရာကျောက်လို့ ယူဆရတဲ့ ကျောက်ရိုင်းတုံးအသေး ၁ ခဲ၊ စုစုပေါင်းအလေးချိန် ၀.၂၅ ကီလို (တန်ဖိုး-စိစစ်ဆဲ) အား စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မယေ့ရှမ်း(ခ)မအမ်း (ဖမ်းမိ)အား တာချီလိတ်မြို့မရဲစခန်း (ပ)၃၂၂/၂၀၁၉၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၁(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013