DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ စိမ်းလန်းဧရိယာများ ၂၅ နှစ်အတွင်း တ၀က်နီးပါး လျှော့ကျသွား
DVB
·
June 14, 2019
ရန်ကုန်ရှိ စိမ်းလန်းဧရိယာများ ၂၅ နှစ်အတွင်း တ၀က်နီးပါး လျှော့ကျသွား
Donate to DVB

ရန်ကုန်မြို့မှာရှိတဲ့ စိမ်းလန်းဧရိယာတွေဟာ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကြောင့် နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားတယ်လို့ သုတေသန စာတမ်းအရ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၄ ရက်က ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ ထုတ်ပြန်လိုက်တဲ့  ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ “ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသောမြို့အားေ ဖ်ာဆောင်ခြင်း” လို့ အမည်ပေးထားတဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားတာပါ။

ရန်ကုန်တိုင်းအတွင်းမှာ လက်ရှိ ပန်းခြံပေါင်း ၆၁ ခြံရှိနေပြီး ကစားကွင်းပေါင်း ၁၃၁ ကွင်းရှိပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ပန်းခြံမရှိတဲ့ မြို့နယ်တွေကတော့ လသာ၊ လမ်းမတော်၊ တာမွေ၊ ဆိပ်ကမ်း၊ဒေါပုံ၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေ ပါဝင်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ၂၀၁၈ ခုနှစ် စာရင်းတွေအရ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ တလအတွင်း ပန်းခြံကို လာရောက်လည်ပတ်တဲ့ ဦးရေက ၁ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီစာတမ်းကိုတော့ ၁ နှစ်အကြာ ပြုစုခဲ့တာဖြစ်ပြီး Another Development နဲ့အတူ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့၊ Open Socity Myanmar က ပံ့ပိုးကူညီထားတာဖြစ်ပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013