DVB Logo
Home
မြန်မာသတင်း
ဥရောပသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
DVB
·
June 14, 2019
ဥရောပသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဉရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အီးယူက အကူအညီပေးရေး ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဉရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Eamon Gilmore အား မနေ့ မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့တာလို့ အတိုင်ခံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် အီးယူမှ အကူအညီပေးရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အီးယူမှ ဆက်လက်ကူညီပံ့ပိုးရေး၊ မြန်မာ-အီးယူအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး Mr. Kristian Schmidt နဲ့  အီးယူကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဥရောပသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ