DVB Logo
Home
မြန်မာသတင်း
မြောက်ဦးတွင် ပစ်ခတ်မှုဖြစ်၊ အရပ်သား ၈ ဦးဒဏ်ရာရ
DVB
·
June 14, 2019
မြောက်ဦးတွင် ပစ်ခတ်မှုဖြစ်၊ အရပ်သား ၈ ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦး ဒဏ်ရာပြင်းထန်တယ်လို့ မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဒီဗွီဘီကိုပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှုမှာ မြောက်ဦးမြို့နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ကျောက်ကျက်ကျေးရွာ၊ တောင်ဦးရွာရဲ့ အရှေ့ဘက်နဲ့ ကျောက်ဆည်ပြင်ရွာအနားတွေမှာ ပစ်ခတ်မှုဖြစ်ပြီး၊ ညနေ ၃ နာရီလောက်မှာတော့ စည်ပင်ကုန်း၊ မောင်သာကုန်း၊ ရွာဟောင်းတော၊ အဲ့ဒီနားတဝိုက်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဦးထွန်းသာစိန်ကပြောပါတယ်။

“ရွာဟောင်းတောက ရွာသား ၅ ဦးဒဏ်ရာရတယ်။ အဲ့ဒီအထဲမှာ နှစ်ယောက် ဒဏ်ရာပြင်းထန်တယ်။ ပြီးတော့ မြောက်ဦးမြို့ ရပ်ကွက်တခုဖြစ်တဲ့ ဆန်းချဆိပ်ရပ်ကွက်က အရပ်သားသုံးaယာက်ဒဏ်ရာရတယ်။ အဲ့ဒီဆန်ချဆိပ်ရပ်ကွက် လူသုံးယောက်ကတော့ ကျွဲနွားဝယ်လို့အပြန်မှာ အပစ်ခံရတာ။”

မြောက်ဦးမြို့ ဆန်ချဆိပ်ရပ်ကွက်က ထိခိုက်ဒဏ်ရာရှိခဲ့သူ သုံးယောက်ကို မြောက်ဦးဆေးရုံကို အလွယ်တကူ သယ်ဆောင်ခွင့်ရခဲ့ပေမယ့် မြောက်ဦးအနီးက ရွာဟောင်းတောကျေးရွာက ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သား ၅ ယောက်ကို သွေးလှူရှင်အသင်း အပါအဝင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC တို့က အလွယ်တကူသယ်ယူခွင့်မရခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

သယ်ခွင့်မရတဲ့ ထိခိုက်ဒဏ်ရာရှိခဲ့သူတွေကို ဒီကနေ့ညနေပိုင်းလောက်တော့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးနောက် လူနာတွေကို သယ်ခွင့်ရရှိခဲ့ပြီး မြောက်ဦးဆေးရုံမှာ အရေးပေါ်ဆေးကုသမှုတွေ ခံယူနေတယ်လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ အေအေပြောခွင့်ရ ခိုင်သုခတို့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လကလည်း မြောက်ဦးမြို့နယ် ရွာဟောင်းကျေးရွာရဲ့နေအိမ်တလုံးကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းမှာရှိနေတဲ့ မိသားစုသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင်တပ်မတော် (အေအေ) တို့ တိုက်ပွဲတွေကြောင့်  နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၅ သောင်းနီးပါးရှိနေပြီး လက်ရှိမှာလည်း မိုးတွင်းကာလဖြစ်တာကြောင့် နေထိုင်အရေး အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်ဖက် စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ လူမှုအဖွဲ့အစည်းတွေက သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိစေဖို့ နှစ်ဖက်တပ်တွေ ဂရုပြုကြဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ မေလအစောပိုင်းက တိုက်တွန်းထားပါတယ်။

သတင်း-ဝဏ္ဏခွညို-ဓာတ်​ပုံ -ကို​ဇော်​ထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013