DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေး ထိရောက်အောင်မြင်မှ မိုင်းလုံးဝကင်းရှင်းအောင် လုပ်နိုင်မည်
DVB
·
June 14, 2019
အပစ်အခတ်ရပ်စဲရေး ထိရောက်အောင်မြင်မှ မိုင်းလုံးဝကင်းရှင်းအောင် လုပ်နိုင်မည်
Donate to DVB

=တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲမှု ထိရောက်အောင်မြင်ပြီးဆုံးမှ မိုင်းလုံးဝကင်းရှင်းအောင် လုပ်နိုင်မယ်လို့ KNU/KNLA(PC) ဗိုလ်မှူး စောအောင်ကျော်က ပြောပါတယ်။

ကရင်ပြည်နယ် ကျုံထော်ဒေသ မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း မရှိသေးတဲ့အပေါ် ဇွန် ၁၃ ရက် မနက်ပိုင်းက ဘားအံမြို့၊ GABBANA ဟိုတယ်မှာပြုလုပ်တဲ့ ဒဿမအကြိမ် မိုင်းအန္တရာယ် အသိပညာလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောဆိုလိုက်တာပါ။

KNU/KNLA(PC)၊ အမှတ် ၂ စစ်ဗျူဟာ၊ ၇၀၈ တပ်ရင်း၊ ဗိုလ်မှူး စောအောင်ကျော်က “တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲမှု ထိထိရောက်ရောက်အောင်မြင်စွာ ပြီးဆုံးသွားမယ်ဆိုရင် ဒီမိုင်းတွေကိုတော့ လုံးဝအားလုံးကင်းရှင်းအောင် လုပ်နိုင်မယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဦးသန်းနိုင်က “မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကော်မတီအစည်းအဝေးကို ၃ လတကြိမ်ကျင်းပသွားမှာဖြစ်ပြီး အဆင်ပြေတဲ့အချိန်မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်လို့ ယခုလို ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ပေးကြပါ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက “IDP campက ညီအစ်ကိုမောင်နှမတွေလည်း သူတို့ရဲ့စိုက်ပျိုးမွေးမြူရေး၊ မိဘဘိုးဘွားပိုင်တဲ့ ဥယျာဉ်နဲ့ခြံမြေတွေမှာ လုပ်ကိုင်စားသောက်နိုင်ဖို့ အစိုးရအဖွဲ့နဲ့ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်လိမ့်မယ်” လို့ ပြောပါတယ်။

 

၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့သလို မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းကို ကျေးရွာပေါင်း ၃၀ လောက် အိမ်ထောင်စု ၈၇၀ စု၊ လူဦးရေ ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် စစ်ဘေးရှောင်စခန်းမှာ ဒီနေ့တိုင် ခိုလှုံနေကြရပါတယ်။

နိုင်ငံတော်အစိုးရက ကရင်ပြည်နယ်အတွင်း မိုင်းထိလူနာတဦးကို ကျပ် ၂ သိန်းထောက်ပံ့ပေးသလို အကြောင်းအမျိုးမျိုးနဲ့ မသန်စွမ်းသူတဦးကို ကျပ် ၁ သိန်းစီ၊ လူဦးရေ ၅ ထောင်နီးပါးကို ကျပ် သိန်းပေါင်း ၅ ထောင်နီးပါး ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။

HI အဖွဲ့က VAC center မုန်းမြို့၊ သံတောင်ကြီး၊ ကော့ကရိတ်မြို့တွေမှာ မသန်စွမ်းသူ ၂၀၀ ဦးလောက်ကို အသေးစားခြေတုလက်တုပြင်ဆင်ခြင်း၊ အားပြုကိရိယာအသုံးပြုသူ ၁၄၀ ကျော်၊ အခြားဌာနတွေကို ချိတ်ဆက်လမ်းညွှန်ပေးခဲ့သူ ၅၅ ဦးကို ကူညီထောက်ပံ့ပေးခဲ့သလို့ အသက်မွေးဝမ်းကြောင်းပညာရပ်နဲ့ အသေးစားဝင်ငွေရလုပ်ငန်းတွေ ထူထောင်ပေးနိုင်ခဲ့ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013