DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအပေါ် ကန့်ကွက်ထားသည့်အမှု ရှုံးနိမ့်
DVB
·
June 13, 2019
မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအပေါ် ကန့်ကွက်ထားသည့်အမှု ရှုံးနိမ့်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ၀န်ကြီးကို ကန့်ကွက်ထားတဲ့အမှု ရှုံးနိမ့်သွားပါတယ်။

ဒီမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ အမိန့်ချလိုက်တာပါ။

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် NLD ပါတီက ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နန်းထွေးမှုံတို့ ယှဉ်ပြိုင်ခဲ့တာမှာ NLD ပါတီက ဦးစိုင်းပန်းဆိုင်က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအနိုင်ရလဒ်မှာ တရားမဲ့ပြုကျင့်မှုတွေရှိတယ်ဆိုပြီး ဒေါ်နန်းထွေးမှုံက ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်မှာ ကွန့်ကွက်လွှာတင်သွင်းခဲ့တာပါ။

"အခုကတော့ ဟိုဘက်က လျှောက်ထားတဲ့ဟာကို ပလပ်လိုက်တယ်"လို့ အနိုင်ရ ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဗမာတိုင်းရင်းသားနှစ်ဦး မဲထည့်တာ၊ NLD တံဆိပ်တပ်ပြီး မဲရုံစောင့်တာ၊ စည်းရုံးရေးကာလအတွင်း ကထိန်ခင်းပေးပြီး မဲထည့်ဖို့ စည်းရုံးတာ၊ စည်းရုံးရေး ကာလပြီးသည့်တိုင် မဲဆွယ်စည်းရုံးတာ၊ ဒုတိယမဲရုံမှူးက မဲလာထည့်သူတွေကို ဆန္ဒပြုခန်းထိ လိုက်လံပြောဆိုတာ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို မမှန်မကန်ထိန်ချန်တင်ပြတာ စတဲ့စွပ်စွဲချက်တွေနဲ့ SNLD ကိုယ်စားလှယ် ဒေါ်နန်းထွေးမှုံက ကန့်ကွက်လွှာတင်သွင်း ထားတာဖြစ်ပါ တယ်။

ကန့်ကွက်လွှာရှုံးနိမ့်ခဲ့တဲ့ ဒေါ်နန်းထွေးမှုံက "အဓိကကတော့ ငွေစာရင်းထိန်ချန်တဲ့ကိစ္စမှာ NLD ရဲ့မူဝါဒအရ လုပ်တာဖြစ်တယ်ဆိုတဲ့ဟာကို ပြောသွားတယ်။ အဲဒါကြောင့် သူတို့ ငွေစာရင်းထဲမှာ မထည့်ရေးပါဘူး၊ ဒါပါတီရဲ့ မူကြောင့်မို့လို့ ထည့်မရေးတာဖြစ်တယ် ဆိုတဲ့ဟာ အဲတချက်တော့ မှတ်မိပါတယ်။ ကျန်တာတော့ အများကြီးဆိုတော့ မိတ္တူကူးပြီးမှပဲ ပြောလို့ရမယ် " လို့ ဆိုပါတယ်။

သူ့အနေနဲ့ အယူခံထပ်မံတင်သွင်းသွားမှာဖြစ်ပြီး အခုလို ရွေးကောက်ပွဲအသုံးစရိတ်ကို ပါတီရဲ့မူဝါဒနဲ့ လုပ်တာဟာ ရွေးကောက်ပွဲဥပဒေနဲ့မညီဘူးလို့ ပြောပါတယ်။

"ကျမတို့က နိုင်ငံရေးသမားဆိုတဲ့အခါကျတော့ ဒီကော်မရှင်က အရေးကြီးဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို ကော်မရှင်က မျှမျှတတဖြစ်မှ ကော်မရှင်ရဲ့ ဥပဒေက မျှတမှ ကျမတို့ နိုင်ငံရေးက ကောင်းမှာပါ။ ကော်မရှင်က အခုလိုမျိုး ဥပဒေနဲ့ မဟုတ်ဘူးဆိုလို့ရှိရင် အများကြီးပြင်စရာ ရှိတယ်လို့ ယူဆပါတယ် " လို့ ဒေါ်နန်းထွေးမှုံက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးစိုင်းပန်းဆိုင်က ၇၁၆၇ မဲ၊ ဒေါ်နန်းထွေးမှုံက ၄၆၅၂ မဲ အသီးသီးရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013