DVB Logo
Home
မြန်မာသတင်း
ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့ရိုးရာ လက်လုပ်မုန့်များ ရောင်းချရန် တိုက်တွန်း
DVB
·
June 13, 2019
ကျောင်းမုန့်ဈေးတန်းများတွင် မြန်မာ့ရိုးရာ လက်လုပ်မုန့်များ ရောင်းချရန် တိုက်တွန်း
1 / 3
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ကျောင်းဈေးသည်တွေမှာ ရိုးရာလက်လုပ်မုန့် အနည်းဆုံးတမျိုး ပူးတွဲရောင်းချအောင် တိုက်တွန်းဆောင်ရွက်သွားမယ်လို့ မြို့နယ် ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာတိုးတိုးမေက ဒီဗွီဘီ ကိုပြောပါတယ်။

“ဘာဖြစ်လို့လဲ ဆိုရင် စစ်ဆေးမှုတွေလုပ်လိုက်တိုင်းမှာ Ready Made တွေများနေတယ်။ စားသုံးသူရေးရာကလည်းပါတော့ အဲဒီအထဲမှာ ကျန်းမာရေးနဲ့ မညီညွှတ်တာတွေစားသောက်ဖို့ မသင့်တာတွေပါနေတာကို တွေ့နေရတယ်။ အခုတော့ သွားရောက်စစ်ဆေးတဲ့ ကျောင်းတိုင်းကို အကျိုးဆောင်ကော်မတီတွေ၊ ကျောင်းအုပ်ကြီးတွေကို အကြံပြုခဲ့တယ်။ နောက်ပိုင်းမှာတော့ ရိုးရာ လက်လုပ်မုန့် တမျိုးမှ တွဲမရောင်းရင် ကျောင်းဈေးရောင်းချခွင့် မပြုဆိုတာမျိုးဖြစ်လာအောင် ကြိုးစားသွားမယ်”လို့ ပြောပါတယ်။

ကျောင်းကျန်းမာရေးဌာန အနေနဲ့ နှစ်စဉ် ကျောင်းဈေးသည်တွေကို မေလပိုင်းက စတင်ပြီး ဈေးသည်တွေရဲ့ ချွေး၊သွားရည် စတဲ့ ခန္ဒာကိုယ်ကနေ ကူးနိုင်တဲ့ ဘီပိုးစီပိုး၊ HIV၊ အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေနဲ့ တီဘီရောတွေကို ခေါ်ယူစစ်ဆေးပြီးမှသာ ရောင်းချခွင့် လက်မှတ်ထုတ်ပေးထားပါတယ်။

ဒီကနေ့မနက်က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ စားသုံးသူရေးရာ ဦးစီးဌာနနဲ့  ကျောင်းကျန်းမာရေးဌာနတို့ ပူပေါင်းပြီး စာသင်ကျောင်းတချို့ကို ရှောင်တခင်လိုက်လံစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ ၂၀၁၉ ခုနှစ် ဥပဒေအရ စားသောက်ကုန်တွေမှာ မြန်မာစာ အညွှန်း ပါရမယ်လို့သတ်မှတ်ထားပေမယ့် အာလူးကျော်အပါအ၀င် တချို့မုန့်တွေမှာ မြန်မာစာ အညွှန်း ပါမလာသေးဘူးလို့ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးကပြောပါတယ်။

ချောက်​မြို့နယ်​မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၀ လောက် ရှိ​နေပြီး ကျောင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့က  မြို့​ပေါ်ရှိ မူလတန်း​ကျောင်းနဲ့ မူလွန်ကျောင်း ၃ေ​ကျာင်းကို ​ဒီက​နေ့ စတင် စစ်​​ဆေးခဲ့တာပါ။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013