DVB Logo
Home
မြန်မာသတင်း
မေလအတွင်း လက်နက်ကိုင်ပဋိပက္ခ  ၉၂ ကြိမ်ဖြစ်ပွား
DVB
·
June 13, 2019
မေလအတွင်း လက်နက်ကိုင်ပဋိပက္ခ  ၉၂ ကြိမ်ဖြစ်ပွား
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလအတွင်း လက်နက်ကိုင်တိုက်ခိုက်မှု ၇၉ ကြိမ်နဲ့ လက်နက်ကိုင်ပဋိပက္ခ ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး   ဧပြီလကထက် လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ် ပိုမိုမြင့်တက်လာတယ်လို့ Myanmar Institute for Peace and Security အဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ရဲ့ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေးအချက်အလက်စာရင်းအရ မေလမှာ ရက္ခိုင့်တပ်မတော် (အေအေ)နဲ့ တပ်မတော်တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေ မြင့်တက်လာတယ်လို့ ဖော်ပြထားပြီး မိုင်းနဲ့ ဒေသန္တရ လက်လုပ်မိုင်းအသုံးပြု တိုက်ခိုက်မှု ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။

ရှမ်းပြည်နယ်မှာတော့ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားတဲ့အတွက် လက်နက်ကိုင်တိုက်ခိုက်မှု အရေအတွက် လျော့ကျပြီး မေလမှာ တပ်မတော်နဲ့ အေအေအဖွဲ့ တို့ နေ့စဉ်လိုလို ထိတွေ့တိုက်ပွဲဖြစ်ပွားပေမယ့် ကြာမြင့်ချိန်နဲ့ ပြင်းထန်မှုကတော့ အရင်လက ထက်လျော့ကျတယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် မေလအတွင်း  RCSS/SSAနဲ့ TNLA/PSLF ၊ SSPP/SSA ပူးပေါင်းတပ်အဖွဲ့တို့ အကြား လက်နက်ကိုင် တိုက်ခိုက်တာ မရှိဘူးလို့လည်း ဖော်ပြပါတယ်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမှာ တပ်မတော်နဲ့  ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (TNLA) တို့အကြား တိုက်ပွဲ အနည်းငယ်သာ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်မှာ  လက်နက်ကိုင်တိုက်ပွဲမရှိဘူးလို့ ဖော်ပြထားပါတယ်။

Myanmar Institute for Peace and Security အဖွဲ့ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၇ ခု ဇန်န၀ါရီလ ၂၅ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013