DVB Logo
Home
မြန်မာသတင်း
တရားစွဲခံ ကရင်နီလူငယ် ၆ ဦးနှင့်အတူ ရပ်တည်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု စတင်
DVB
·
June 13, 2019
တရားစွဲခံ ကရင်နီလူငယ် ၆ ဦးနှင့်အတူ ရပ်တည်ကြောင်း လက်မှတ်ထိုးလှုပ်ရှားမှု စတင်
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးတရားစွဲခံနေရတဲ့ ကရင်နီလူငယ် ၆ ဦးနဲ့ အတူရပ်တည်ကြောင်း ကယားလီဖုလူငယ် ၈၇ ဦးက ဇွန်လ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုလက်မှတ်ရေးထိုးရတာနဲ့ပတ်သက်ပြီး ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကေးဖိုးဒူဒေသ လူငယ် ဥက္ကဋ္ဌ ခူးတူရယ်က “အဓိကကတော့ တရားစွဲခံထားရတဲ့ လူငယ် ၆ ဦးတို့နဲ့ ကျနော်တို့ ရပ်တည်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ ပြချင်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးရဲ့အမှု မရုပ်သိမ်းမချင်း လူငယ်တွေရဲ့ လက်မှတ်ကို ထပ်မံ စုဆောင်း ကောက်ခံသွားမယ်လို့လည်း ခူးတူရယ်က ပြောပါတယ်။

“ ဒီအမှုကို မရုပ်သိမ်းမချင်း ကျနော်တို့ လူငယ်တွေရဲ့ လက်မှတ်ကို ရနိုင်သလောက်ရအောင် ကောက်ခံသွားမယ်။ လှုပ်ရှားမှုကို ဆက်လုပ်သွားမယ်။ ဒီစာရွက်အတွက်ကြောင့်နဲ့ သူတို့ တရားစွဲခံရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြမယ်ဆိုရင် ကျနော်တို့လည်းဒီစာရွက်ပေါ်မှာ ဆက်ပြီးတော့ လက်မှတ်ထိုးသွားမယ်။”

ဇွန်လ ၇ ရက်နေ့တုန်းကလည်း ကရင်နီလူငယ် ၉ ဦးက တရားစွဲဆိုခံရတဲ့ ကရင်လူငယ် တွေနဲပတူ ရပ်တည်ကြောင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်ဥက္ကဋ္ဌ ခွန်းဘားနက်ဘုတ်ကတော့ “ဒီဆွေးနွေးပွဲမှာ ညှိနှိုင်းတာ အဆင်မပြေဘူးဆိုတဲ့ အခြေအနေမှာမှ တရားစွဲဆိုမှုတွေ လုပ်တယ် ဆိုတာကတော့ ဒါဟာ ကျနော်တို့ လူငယ်တွေကို ဖိနှိပ်တယ်လို့ ကျနော်တို့ ခံယူတယ်ပေါ့။ အဲဒါဒီစာကြောင့် တရားစွဲတယ်ဆိုရင် ဒီစာအပေါ်မှာပဲ ထပ်ပြီးမှ လက်မှတ်ထိုးမယ်။ စွဲချင်ရင်စွဲလို့ရတယ်ပေါ့နော်။”

ကယားပြည်နယ် ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူ ကျေးဇူးကန်းသူများအဖြစ် ကရင်နီလူငယ်တွေက မတ် ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ် ၆ ဦးဖြစ်တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ နဲ့ မေလ ၁၆ ရက်နေ့က တရားစွဲဆိုထားတာပါ။

မေလ ၃၁ ရက်ညပိုင်းမှာတော့ ဒီလူငယ် ၆ ဦးကို အမှုအတွက် အလိုရှိသူများ အဖြစ်ကြေညာခဲ့ပြီး တွေ့ရှိပါက အနီးဆုံးရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီလူငယ် ၆ ဦးထဲက ခူးကြူးဖဲကေး (ခေါ်) ဂူးဂူးကို ဇွန်လ ၂ ရက်ညနေ ၆ နာရီလောက်က ဖရူဆိုမြို့ သွားရာလမ်း ဖရူဆိုမြို့အ၀င်ဂိတ်မှာ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးပြီး ဇွန်လ ၃ ရက်မှာ ချုပ်ရမာန်ယူကာ လွိုင်ကော်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ဒီအမှုအတွက် လာမယ့်ဇွန်လ ၁၇ ရက်နေ့မှာ ရုံးပြန်လည်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013