
အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒ်ပွဲတော် မိတ်ဆုံစားပွဲအခမ်းအနားကို ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေကို ဖိတ်ကြားကာ မန္တလေးမြို့ ကျောက်ဗလီမှာ ဇွန်လ ၁၂ ရက်နေ့က ကျင်းပပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ဥပုသ်လ အပြီး မှာပြုလုပ်ခဲ့တာဖြစ်ပြီး တဦးနဲ့တဦး ချစ်ခင်နားလည်မှု ရရှိစေဖို့အတွက် ချစ်ခင်မှု သရုပ်ပေါ်လွင်အောင် သင်းအုပ် ဆရာတော်တွေရဲ့ ဦးဆောင်မှုနဲ့ အီဒ်ပွဲတော် ကျင်းပတာဖြစ်တယ်လို့ ကျောက်ဗလီ ဂေါပက ပြောပါတယ်။
ဘာသာအသီးသီးအနေနဲ့ ပွဲတော်တွေမှာ ဘာသာမတူသူတွေအနေနဲ့ တန်းတူ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ပေးသင့်တယ်လို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က မိန့်ကြားပါတယ်။
ဒီအခမ်းအနားမှာ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနဲ့ ဗဟာအီဘာသာဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ထိန်ထိန်လင်း











