DVB Logo
Home
မြန်မာသတင်း
ပင်လယ်တွင်မျောလာသည့် ပိုင်ရှင်မဲ့ ICE မူးယစ်ဆေးများ ရေတပ်ဆယ်ယူသိမ်းဆည်း
DVB
·
June 12, 2019
ပင်လယ်တွင်မျောလာသည့် ပိုင်ရှင်မဲ့ ICE မူးယစ်ဆေးများ ရေတပ်ဆယ်ယူသိမ်းဆည်း
1 / 5
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မလိကျွန်းရေပြင်မှာ ICEလို့  ယူဆရတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ မျှောပါနေတာကို မနေ့က ရေတပ်က ဆယ်ယူသိမ်းဆည်းရမိခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့က  မလိခြေစိုက်ရေတပ်စခန်းက ရေတပ်သားတွေ ပင်လယ်ပြင်အတွင်း ကင်းလှည့်ဆောင်ရွက်နေစဉ် မလိကျွန်းမြောက်ဘက် ၄ မိုင်လောက် အကွာ မှာ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေ ရေပြင်မှာ မျှောပါနေတာကိုတွေ့ရှိခဲ့တာပါ။

တရုတ် လက်ဖက်ခြောက် DAGUANYIN စာတမ်းပါအိတ် တကီလိုဝင် ၂၂ ထုတ်နဲ့ ရေထဲ အနည်းငယ်ဝင်ပျော်ဝင်နေတဲ့ တကီလိုပါ ၂ ထုပ်စုစုပေါင်း ၂၄ ထုပ် (၂၄ ကီလိုနီးပါး)ကို သိမ်းဆည်းရမိပြီး ပုလောမြို့နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားပါတယ်။

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက "မလိကျွန်းကမ်းစပ်နားမှာ ICE မူးယစ်ဆေးဝါးလို့ ယူဆထားရတဲ့အရာတွေ မျှောနေလို့ တာဝန်ရှိသူတွေ လိုက်သွားပါတယ်။ ဒီနေ့လည်း ထပ်တွေ့ပါ တယ်။ မလိကျွန်းအုပ်စုနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ လိုက်လံ ရှာဖွေစစ်ဆေးနေ ပါတယ်" လို့ ပြောပါတယ်။

တကီလိုကို ကျပ်သိန်း ၄၀၀ ကာလပေါက်ဈေးရှိတဲ့ အဆိုပါ မူးယစ်ဆေးဝါးတွေကို အခုလက်ရှိ ကျပ်သိန်း ၉၆၀၀ တန်ဖိုးခန့်ကို သိမ်းဆည်းရမိထားပြီးလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇွန်လ ၁၂ ရက်ကလည်း  မူးယစ်ဆေးဝါးတွေကို ဆက်လက်ရှာဖွေရာ ပင်လယ်ရေမှာ ပျော်ဝင်နေပြီး ချိန်တွယ်လို့မရတော့တဲ့ ICE မူးယစ်ဆေးဝါးတွေလို့ ဟုယူဆရတဲ့ အထုပ် ၁၀ ထုပ်နဲ့ အိတ်ခွံသာကျန်တော့တဲ့ မူးယစ်ဆေးအထုပ် ၃ ထုပ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဖမ်းမိတာနဲ့ ပတ်သက်ပြီး ပုလောမြို့မရဲစခန်းက မူး/စိတ်ပုဒ်မ ၁၉ (က)နဲ့ အမှုဖွင့်ဆောင်ရွက်ထားပြီး တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။

သတင်း- မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013