DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ ၈ နှစ်ပြည့်လှုပ်ရှားသူများကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲ
DVB
·
June 12, 2019
ကချင်စစ်ပွဲ ၈ နှစ်ပြည့်လှုပ်ရှားသူများကို ငြိမ်းစုစီ ဥပဒေဖြင့် တရားစွဲ
1 / 3
Donate to DVB

ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ တကျော့ပြန် ကချင်စစ်ပွဲ ၈ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့မှုနဲ့ Social Alliance တည်ထောင်သူ မဒါလီမြင့်ကို  ငြိမ်းစုစီဥပဒေနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားပါတယ်။

ကချင်စစ်ပွဲ ၈နှစ်ပြည့်အထိမ်းအမှတ်  ဇွန်လ ၈ ရက်က ရန်ကုန်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲပြုလုပ်ခဲ့ရာမှာ ၀န်းရံခဲ့လို့ဆိုပြီး ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲဆိုခဲ့တာလို့ မဒါလီမြင့်က ပြောပါတယ်။

“ကျမက အဲဒါကိုသွားပြီးဝန်းရံပေးခဲ့တယ်။ အဲဒါကို သူက စခန်းကိုလာပြီးရှင်းပါဆိုပြီးတော့ ဖုန်းဆက်တယ်။ တနင်္ဂနွေနေ့က ဆက်တယ်၊ တနင်္လာနေ့က ဆက်တယ်။ ကျမက ဖုန်းဆက်ရုံနဲ့တော့ မသွားခဲ့ဘူးပေါ့နော်။ ကျမကို ဘာပုဒ်မတပ်ထားလဲဆိုတာ ပို့ပေးပါဆိုပြီးတော့ ကျမ သမ္မန်စာပို့တယ်။  ဒီနေ့ သူတို့ချိန်းလို့ ကျမ သွားခဲ့တယ်ပေါ့။ ”

ဒီလိုငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်တာကို အရေးယူခံရတာ မဖြစ်သင့် မဖြစ်ထိုက်ဖူးလို့လည်း မဒါလီမြင့်က ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးအတွက်ကို တရားစွဲဆိုခံရတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်တဲ့သူအတွက်က တော်တော်လေးကို နစ်နာတယ် ပေါ့နော်။ ငြိမ်းချမ်းရေကလည်း အလှမ်းဝေးသွားမလား စိတ်ပူ တယ်ပေါ့။ ၀န်းရံတဲ့သူတွေကိုပါ တရားစွဲတဲ့အပေါ်မှာတော့ ဒါက မဖြစ်သင့်တဲ့ကိစ္စတခုလို့ပဲ ကျမက မြင်တယ်လေ။”

Social Alliance အဖွဲ့ဟာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ လူမှုရေး အသင်းအဖွဲ့တခု ဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း တကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့်နေ့မှာ Street Performance ပြုလုပ်ခဲ့တဲ့  ကချင်လူငယ် Pawlu နဲ့ Seng Nu Pan ကိုလည်း ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၁၉ ရက်နေ့ ရုံးချိန်း ပြန်ချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013