DVB Logo
Home
မြန်မာသတင်း
ညီအစ်မမြို့တော် အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့  ဆန်တန်ချိန် ၁ သောင်းတင်ပို့ရောင်းချမည်
DVB
·
June 12, 2019
ညီအစ်မမြို့တော် အစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့  ဆန်တန်ချိန် ၁ သောင်းတင်ပို့ရောင်းချမည်
Donate to DVB

တရုတ်နိုင်ငံ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား aရးထိုးထားတဲ့ ညီအစ်မမြို့တော် အစီအစဉ်အရ တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တန်ချိန် ၁ သောင်း တင်ပို့ရောင်းချဖို့ သဘောတူညီမှုရထားပြီလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

“အခု ပထမဆုံးအကြိမ်အနေနဲ့ ဆန်တန်ချိန် ၁ သောင်းကို ရောင်းချဖို့အတွက် လက်မှတ် ရေးထိုးထားပြီး ဖြစ်ပါတယ်။ ဒီ MOU ရဲ့ သဘောတူညီချက်အရ တရုတ်နိုင်ငံ ကူမင်းမြို့ဘက်က နေပြီးတော့မှ သတင်းပို့ ထားတာကတော့ သူတို့အနေနဲ့ ဒီနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးလောက်အထိ ကျနော်တို့ဘက်ကနေ ဝယ်ယူမယ်။ ကျနော်တို့ကလည်း သူတို့ဘက်ကနေပြီးတော့မှ စက်ကိရိယာ၊ သံမဏိပစ္စည်းပေါ့။ ပစ္စည်းတွေကို သန်း ၅၀၀ ဖိုး ပြန်လည်ဝယ်ယူဖို့ဖြစ်ပါတယ်”လို့ ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

အဆိုပါ တင်ပို့ရောင်းချမှုဟာ ပထမဆုံးအကြိမ်အဖြစ်ပြီး ကုန်စည်ချင်း အလဲအလှယ် ပြုလုပ်တဲ့  ဘာတာစနစ်နဲ့ ရောင်းချရမှာဖြစ်တဲ့အတွက် ဆန်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ မိမိတို့ ပြန်လည်တင်သွင်းလိုတဲ့  တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို ပြန်လည်ဝယ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားကူးသန်းဌာနက အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် ကတော့ “မြန်မာမှာ တရုတ်ပြည်ကနေ သွင်းနေတာတွေ အများကြီး။ ဘယ်ဟာယူယူရတယ်လေ။ လယ်ယာသုံး စက်ကိရိယာ၊ ဓာတ်မြေသြဇာ အများကြီးဘဲ ဝယ်နေတာပဲ။ ဆိုလိုတာက ဟိုဘက်ကိုရောင်းပြီးရင် ရောင်းရငွေနဲ့ ဘာဝယ်ဝယ်ရတယ်”လို့ ဆိုပါတယ်။

ယနေ့ ခေတ်အနေအထားအရ ဘာတာစနစ်ဟာ ခေတ်မီခြင်းမရှိတော့ပေမယ့် နယ်စပ်ဒေသတွေမှာရှိနေတဲ့  ဆန်တွေနဲ့ ပြည်တွင်းမှာ ပိုလျှံနေတဲ့ ဆန်တွေကို ရောင်းချနိုင်ဖို့အတွက် အစိုးရအနေနဲ့ စီစဉ်ရတာလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ညီအမ မြို့တော်အစီအစဉ်နဲ့ အပြန်အလှန် ပစ္စည်းအရောင်းအဝယ် ပြုလုပ်မယ့် ကိစ္စကိုတော့ ရန်ကုန်မြို့တော်အနေနဲ့ လုပ်ဆောင်ဖို့ အခက်အခဲရှိတဲ့ အတွက် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက MOU ရေးထိုးပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

အကောင်အထည်ဖော်မှုအပိုင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ ရွှေချိုင်း ကုမ္ပဏီကို တာဝန်ပေးထားပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ UMFCCI ကို တာဝန်ပေးအပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013