DVB Logo
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ခရီးသွားဘဏ်က ငွေစတင်ထုတ်ချေး
DVB
·
June 12, 2019
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့ခရီးသွားဘဏ်က ငွေစတင်ထုတ်ချေး
Donate to DVB

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ငွေကြေးလည်ပတ်မှုအဆင်ပြေဖို့အတွက် ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို မြန်မာ့ခရီးသွားဘဏ်က ချေးငွေတွေ  ဇွန်လ ၁၂ ရက်ကစပြီး ထုတ်ချေးနေပါတယ်။

ချေးငွေကိုတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ခရီးသွား မယ့်သူတွေက ချေးယူခွင့်ရမှာဖြစ်တယ်လို့  မြန်မာ့ခရီးသွားဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောဘိုဘိုက ဒီကနေ့ ဇွန်လ ၁၂ ရက်က ကုန်သည်နဲ့ စက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာ့ခရီးသွားဘဏ်ရဲ့ အထူးဝန်ဆောင်မှုရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

အတိုးနှုန်းကတော့ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အတိုးနှုန်းတွေဖြစ်တဲ့ ၁၃ ရာခိုင်နှုန်း ကနေ ၁၆ ရာခိုင်နှုန်းအထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ ချေးငွေကိုတော့ အပေါင်ပစ္စည်းပေးအပ်ပြီး ချေးယူတာနဲ့ အပေါင်ပစ္စည်းမဲ့ချေးယူတဲ့ ပုံစံ တွေနဲ့ ချေးယူရမှာပါ။

ဒါ့အပြင် ချေးငွေထုတ်ချေးဖို့အတွက် ပမာဏကိုတော့ လုပ်ငန်းအပေါ်မူတည်ပြီး ဘဏ်ကနေ ထုတ်ချေးပေးသွားမှာဖြစ်ပြီး တနှစ်အတွင်း ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတကာက ခရီးသွား လုပ်ငန်းတွေနည်းတူ လုပ်ဆောင်နိုင်အောင် အစိုးရပိုင်းကလည်း ငွေးကြေးသုံးစွဲတာတွေနဲ့ လက်ရှိဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အတိုးနှုန်းကို ပြန်လည်ပြင်ဆင်ပေးဖို့ အကြံပြုထာတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း  အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013