
ရတနာတိုး (စပါး)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) တင်း ၁၀၀ ကို ၄၈၀၀၀၀ ကနေ ၄၉၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နတ်တလင်းကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) တင်း ၁၀၀ ကို ၅၂၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ နတ်တလင်းကုန်စည်ဒိုင် ၃၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၃၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင် တအိတ်ကို ၁၀၁၀၀၀ ကနေ ၁၀၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၁၀၀၅၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲတီစိမ်း
မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၀၀၀၀ ကနေ ၁၀၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ (ဟော်လန်)
ပေါင်းတည်ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) က ပိဿာ ၆၀ ဝင်တအိတ်ကို ၈၅၅၀၀ ကနေ ၈၇၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ ကုလားပဲ (ဟော်လန်) တအိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၆၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ခရမ်းချဉ်သီး
သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ခရမ်းချဉ်သီး တပိဿာကို ၁၁၀၀ ကနေ ၁၄၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ခရမ်းချဉ်သီး တပိဿာကို ၁၃၅၀ ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၅၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA











