DVB Logo
Home
မြန်မာသတင်း
ရဲမှူး ၁ ဦး ပါးစပ်ကို သေနတ်ဖြင့် တေ့ပစ်ပြီး သေဆုံး
DVB
·
June 12, 2019
ရဲမှူး ၁ ဦး ပါးစပ်ကို သေနတ်ဖြင့် တေ့ပစ်ပြီး သေဆုံး
Donate to DVB

မန္တလေးဗဟိုအကျဉ်းထောင်ထဲမှာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ ပုသိမ်​ကြီးမြို့နယ်​ ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်​သန်းဟာ  ဒီမနက် ၇ နာရီလောက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းကို စစ်ဆေးရာမှာ ရဲမှူးမျိုးညွှန့်သန်းမှာ သေနတ်ကို ပါးစပ်မှာ တေ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းနောက်စေ့ပေါက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ နယ်မြေရဲစခန်းက သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရဲမှူးမျိုးညွှန့်သန်းအနေနဲ့ ဌာနကိုဖုန်းဆက်သတင်းပို့ခြင်းမရှိတာကြောင့် ဒုရဲမှူးကြီးစိုင်းလှထူးက ဒုရဲမှူးမြင့်စိုးကို ရဲမှူးမျိုးညွန့်သန်းရဲ့နေအိမ်ကို သွားကြည့်ဖို့ပြောတဲ့ အတွက် အခြားရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကြည့်ရှုခဲ့ကြရာမှာ ရဲမှူး မျိုးညွှန့်သန်းရဲ့ အိမ်ဟာ တံခါးဖွင့်ထားပြီး ခေါ်မရတာကြောင့် ၀င်ရောက်ကြည့်ရာနေ အိမ်အိပ်ခန်းအတွင်းက ခုတင်ခြေရင်း မှာ ဦးခေါင်းက သွေးထွက်ဒဏ်ရာနဲ့ လဲကျသေဆုံးနေပြီး လက်ယာဘက်လက်ထဲမှာ သေနတ်ကိုင် ထားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူ ရဲမှူးမျိုးညွှန့်သန်းဟာ အမျိုးသမီး ဒေါ်အေးသီတာနဲ့ အတူနေထိုင်ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဇနီးဖြစ်သူဟာ ရွှေတောင်မြို့ကို သွားရောက်နေထိုင်နေတာဖြစ်ပြီး သူ့မှာ သမီးတယောက်နဲ့ ၅ တန်းအရွယ်သားတဦးရှိပါတယ်။

ရဲမှူးမျိုးညွန့်သန်းဟာလက်ရှိ ပုသိမ်ကြီးမြို့နယ်မှာ တာဝန်ကျနေပြီး အောင်သပြေရွာက တောင်သူတွေကို တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့ချိန်မှာ အောင်သပြေရွာသား ကိုဝင်းမြင့်ထွန်း မန္တလေးထောင်မှာ သေဆုံးသွားခဲ့တာကြောင့် စစ်ဆေးခံနေရသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013