DVB Logo
Home
မေးမြန်းခန်း
အမေရိကန်သမ္မတနှင့် ဦးသိန်းစိန် တွေ့ဆုံ
DVB
·
November 19, 2012
အမေရိကန်သမ္မတနှင့် ဦးသိန်းစိန် တွေ့ဆုံ
1 / 3
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
ဦးသိန်းစိန်

“ကျနော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ်ကတည်းက သံတမန်ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပြီး ရင်းနှီးစွာ ဆက်ဆံလာခဲ့ကြတာ ဖြစ်ပါတယ်။”



[caption id="attachment_33220" align="alignleft" width="300" caption="ဒီနေ့မနက်က ရန်ကုန်တိုင်း လွှတ်တော်ဧည့်ခန်းမတွင် ကန်သမ္မတ အိုဘားမားနှင့် မြန်မာ သမ္မတ ဦးသိန်းစိန် တွေ့ဆုံခဲ့ကြစဉ်(ဓာတ်ပုံ- ရိုက်တာ)"][/caption]

“ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ၂ နှစ်ငံဆက်ဆံရေးဟာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ မစ္စတာ အိုဘားမား သမ္မတ ဖြစ်လာတဲ့ နောက်ပိုင်းမှာ သမ္မတကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကောင်းမွန်စွာ ဆက်ဆံလာနိုင်ခဲ့ပါတယ်။ ဒီဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲအောင် ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

“ကျနော်တို့ ရှေ့ဆက်ပြီး ၂ နိုင်ငံ တန်းတူရည်တူရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကို ဆက်ပြီး သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ မီအောင် ဆောင်ရွက်နိုင်ဖို့အတွက်၊ ကျနော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ မြင့်မားလာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ နောက် ၀န်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးတို့ ဒါတွေနဲ့ ပတ်သက်လို့လည်း အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မတဆီကလည်း သဘောတူညီချက်တွေ ရပြီးဖြစ်ပါတယ်။”

“ဒီကနေ့ ကျနော်တို့ နှစ်ဦးရဲ့ ဆွေးနွေးမှုတွေရဲ့ အကျိုးရလဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန် ခံစားရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။”

“နောက်ဆုံးအနေနဲ့ ကျနော်တို့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် အမေရိကန်သမ္မတရဲ့ အမြော်အမြင် ကြီးမားမှု၊ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်ရဲ့ ကြိုးပမ်းမှု၊ သံအမတ်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ အားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။”

“သမ္မတကြီးသုံးစွဲတဲ့စကားအတိုင်း Move forward ဆိုတဲ့စကားအတိုင်း ကျနော်တို့လည်း သွားရမှာဖြစ်ပါတယ်။”

အိုဘားမား -

“သမ္မတကြီးနဲ့တကွ အားလုံးက ပျူပျူငှာငှာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပထမဆုံး ပြောလိုပါတယ်။ ကျနော့်အနေနဲ့ အချိန်တိုတိုပဲ ရတယ်။ မိန့်ခွန်းတခုလည်း ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေအတွက် သိသင့်သိထိုက်တဲ့ဟာတွေ အဲဒီကျတော့ ကျနော်ပြောမှာပါ။ ကျနော်ပြောချင်တာကတော့ ကျနော်တို့နှစ်ဦး ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ဟာတွေ အများကြီး ပြောခဲ့ပါတယ်။”

“ကျနော်သမ္မတကြီးကို ပြောခဲ့တဲ့ကိစ္စကတော့ သူလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ တကယ်ပဲ ဒီတိုင်းပြည်ဟာ အရှေ့ကို တိုးတက်ဖို့အတွက် အထောက်အကူပြုမယ်ဆိုတဲ့အကြောင်း။”

“သမ္မတကြီး လုပ်ခဲ့တာတွေကတော့ လူ့အခွင့်အရေးကိစ္စတွေ၊ ကလေးစစ်သားကိစ္စတွေ ဒါတွေအားလုံးဟာ လူ့အခွင့်အရေးဆွေးနွေးပွဲတွေမှာလည်း ဆွေးနွေးပြီးသားဖြစ်လို့ ဒါဟာ တကယ်ပဲ တိုင်းပြည်တိုးတက်အောင် အကျိုးပြုမယ့် သဘောရှိပါတယ်။ ဒါဟာလည်း အရှည်သဖြင့်သွားရမယ့် ခရီးအတွက် ပထမဆုံးခြေလှမ်းလို့ ရှုမြင်ပါတယ်။ သမ္မတကြီး ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲရေးတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေဟာ တကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေမယ့် အကြောင်းရင်းတွေ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ဦးနှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်အောင်လုပ်တာဟာ တကယ်ပဲ ဒီနိုင်ငံသာမက ဒေသတွင်း တိုးတက်မှုတွေရော တကမ္ဘာလုံးတိုးတက်မှုတွေ အတွက်ပါ အကျိုးပြုပါလိမ့်မယ်။”

“နောက်တခုက သမ္မတကြီးတို့အနေနဲ့ ဆုပ်ဆုပ်ပိုင်ပိုင်လုပ်ခဲ့တဲ့ ကိစ္စတခုကတော့ လူအများကို သေကျေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို ပပျောက်အောင်လုပ်တဲ့အတွက် မပြန့်ပွားအောင်လုပ်ခဲ့တဲ့ ကိစ္စတွေမှာ ဒါတွေဟာ အရေးကြီးပါတယ်။ ဒါတွေလုပ်ကိုင်နိုင်ခဲ့တာ ကောင်းပါတယ်။”

“သမ္မတကြီး ကျနော်တို့ကို အခုလိုကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတခေါက်တင်မကပါဘူး၊ နောက်တခေါက်လည်း လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013