DVB Logo
Home
မြန်မာသတင်း
မြောင်းမြထောင်​တွင် ထောင်​ဝင်​စာလာ​တွေ့သည့် အမျိုးသမီးထံက မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 12, 2019
မြောင်းမြထောင်​တွင် ထောင်​ဝင်​စာလာ​တွေ့သည့် အမျိုးသမီးထံက မူးယစ်ဆေးများ ဖမ်းမိ
1 / 4
Donate to DVB

မြောင်းမြအကျဉ်း​ထောင်​မှာ ဇွန်လ ၁၁ ရက်ညနေပိုင်းက ထောင်​ဝင်​စာလာ​တွေတဲ့ အမျိုးသမီးတ​ဦး ယူဆောင်လာတဲ့ ကြက်သွန်နီတွေထဲက WY မူးယစ်ဆေးပြားတွေနဲ့ ICE မူးယစ်ဆေးဝါးတွေ စုစုပေါင်း ကာလတန်ဖိုးကျပ် ၅၄၃၀၀၀၀ ဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မြောင်းမြထောင်မှာ မူးယစ်​​ဆေးဝါးမှုနဲ့ ထောင်​ဒဏ်​ ၂၄ နှစ်​ကျခံ​နေ​ရတဲ့ မြတ်​လင်းစံကို ထောင်​ဝင်​စာ​လာတွေ့တဲ့ မညွန့်​ညွန့်​စန်း(ခ)မသဇင်​ ယူ​ဆောင်​လာ​တဲ့ ထောင်​ဝင်​စာ ပစ္စည်းတွေထဲမှာ ကြက်သွန်နီ ၂၄ လုံးကိုခြမ်းပြီး ပလပ်​စတစ်​ တထပ်​ ခဲ​ရောင်​စက္ကူ တထပ်​နဲ့ လုံးပြီး ထုပ်​ထားတဲ့ WY စိတ်​ကြွရူးသွပ်​​ဆေးပြား ပန်း​ရောင်​နဲ့ အစိမ်းရောင် ၁၄၁၀ ပြား တန်​ဘိုး​ငွေ ၄၂၃၀၀၀၀ ကျပ်ဖိုးနဲ့ ICE မူးယစ်ဆေးဝါး အ​လေးချိန်​ ၂၄ ဂရမ်​ တန်​ဖိုး​ငွေ ၁၂ သိန်းကျပ်ကိုဖမ်းဆီးရမိခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက "ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာ​ဖွေ​ရေး တာဝန်​ကျဝန်ထမ်းတွေက စစ်တာမှာ မသင်္ကာစရာကြက်သွန်နီဥတွေ တွေ့တယ်လို့ အကြောင်း ကြားလို့ ရဲတပ်ဖွဲ့က သွားပြီးစစ်ဆေးတာမှာ မူယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။ အလားတူ ထောင်ဝင်စာလာ တွေ့တဲ့ သူတွေယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်"လို့ ပြောပါတယ်။

ထောင်ထဲကို မူးယစ်ဆေးဝါးတွေသွင်းဖို့ ယူဆောင်လာခဲ့တဲ့ မညွန့်​ညွန့်​စန်း ထံကနေ ဘေးလွယ်​အိတ်​ ၁လုံး၊ လက်​ကိုင်​ဖုန်း ၂ လုံး မှတ်​ပုံတင်​နဲ့ အိမ်​​ထောင်​စုစာရင်း ငွေစက္ကူ​ရောရာ ၁၅၈၀၅၀ ကျပ်​တို့ကို အသိသက်သေတွေရှေ့မှာ ရဲတပ်ဖွဲ့က ရှာ​ဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဒီဖြစ်စဉ်အရ ဒေါပုံမြို့မှာ နေထိုင်တဲ့ မညွန့်​ညွန့်​စန်း(ခ)မသဇင်​ (၃၃)နှစ်နဲ့ အကျဉ်းကျ​နေတဲ့ မြတ်​လင်းစံ(၃၇)နှစ်​တို့ကို​ မြောင်းမြမြို့မရဲစခန်းက မူးယစ်​​ဆေးဝါးနှင့် စိတ်​ကို​ပြောင်းလဲ​စေ​သော ပုဒ်​မ ၁၉ (က)၊ ပုဒ်မ ၂၀ (က)နဲ့ ပုဒ်မ ၂၁ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။

မြမင်းဦး(ပုသိမ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013