DVB Logo
Home
Lead Story
ကျားပေါက်၏သီချင်းဖြင့် The Voice Myanmar ဖိုင်နယ်တက်သွားသည့် နိုဗန်ထူး(ရုပ်သံ)
DVB
·
June 12, 2019
ကျားပေါက်၏သီချင်းဖြင့် The Voice Myanmar ဖိုင်နယ်တက်သွားသည့် နိုဗန်ထူး(ရုပ်သံ)
Donate to DVB

    “ကျနော့်မှာ မီးခြစ်မရှိ… ကျနော့်မှာ ဆေးလိပ်မရှိ… ကျနော့်မှာ ဟန်းချိန်းမရှိ… ကျ နော့်မှာ လက်စွပ်မရှိ… ကျနော့်မှာ ဘာမှမရှိ”

    ဒါကတော့ ကျားပေါက်ရေးစပ်ပေးပြီး နာမည်ကြီး ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် သီဆိုခဲ့တဲ့ ခင်ဗျားတို့ အကြောင်းအမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး ဒီတခါမှာ တော့ ပရိသတ်တွေက ပုံစံတမျိုးနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်လာသူကတော့ Coach ကျားပေါက်ရဲ့ အဖွဲ့မှ ပြိုင်ပွဲဝင် နိုဗန်ထူးပဲ ဖြစ်ပါတယ်။

    “ကျနော့်မှာ မိန်းမမရှိ… ကျနော့်မှာ သားသမီးမရှိ… ကျနော့်မှာ ပရိသတ်မရှိ… ကျ နော့်မှာ နောက်လိုက်မရှိ… ကျနော့်မှာ ဦးနှောက်မရှိ… အထူးအဆန်းလည်းမရှိ… အပူအ ပင်လည်းမရှိ… အစဉ်အလာမရှိ… မိဘမရှိ… ရင်ခုန်သံနှလုံးသားမရှိ… လူနဲ့တူတာဆို တာ ဘာမှမရှိတဲ့နောက်”

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အဆင့်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး သူတို့ထဲက ၄ ယောက်ကတော့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီ ထွန်းတို့ကလည်း သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

မွန်ဝတ်စုံ၊ ကရင်ဝတ်စုံစတဲ့ ရိုးရာဖက်ရှင်တွေနဲ့ ပုံစံတမျိုး ထူးခြားနေပြီး အကြမ်း စားသီချင်းတွေနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ နိုဗန်ထူးဟာ ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တယောက်ဖြစ်ပါတယ်။

နိုဗန်ထူးဟာ Blind Audition မှာတုန်းကလည်း  Slipknot ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ Spit It Out သီချင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach တဦးဖြစ်တဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိခဲ့တာပါ။

နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ သူက ပြိုင်ဘက် ခိုင်ဇံနဲ့ သီချင်းတ ပုဒ်ကို စုံတွဲသီဆိုပြီး ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအဆင့်မှာတော့ သူတို့ ၂ ယောက် ဟာ လေးဖြူသီဆိုထားတဲ့ အသုံးမကျတဲ့ နှင်းဆီသီချင်းနဲ့ အပြိုင်ကြဲ သီဆိုဖျော်ဖြေခဲ့ ကြတာ ဖြစ်ပြီး ကျားပေါက်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့  နောက်တဆင့် တက်ရောက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

Knock Out Round မှာတော့ နိုဗန်ထူးက Linkin Park ရဲ့ Faint သီချင်းနဲ့ ဖြတ် ကျော်နိုင်ခဲ့ပြီး Liveshow အဆင့်မှာတော့ Slipknot ရဲ့ Wait and Bleed သီချင်းနဲ့ ဆီမီး ဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအဆင့်မှာတော့ နိုဗန်ထူးနဲ့အတူ ညိုမီမီထွန်းက နေနေရဲ့ မညီမျှခြင်းသီချင်းနဲ့ ပါ ၀င်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်း နဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို ခေါ်ဆောင်သွားရမှာ ဖြစ်တာမို့ အားလုံးက ရင်ခုန် စိတ်လှုပ်ရှားခဲ့ကြတာပါ။

“ကျနော့်မှာ စည်းကမ်းမရှိ… ကျနော့်မှာ နည်းလမ်းမရှိ… ကျနော့်မှာ တပြားမှမရှိ… အ မှားအမှန် လုံးဝမရှိ… ဘ၀အာမခံချက်လည်းမရှိ… ရေး… ရေး… ရေး… ရေး… ရေး… အ ထူးအဆန်းလည်းမရှိ… အပူအပင်လည်းမရှိ… အစဉ်အလာမရှိ… မိဘမရှိ… ရင်ခုန်သံနှ လုံးသားမရှိ… လူနဲ့တူတာဆိုတာ ဘာမှမရှိတဲ့နောက်”

ပြိုင်ပွဲဝင်တွေ အားလုံးသီဆိုနေကြချိန်မှာတော့ ပရိသတ်တွေက မဲပေးရွေးချယ်ဖို့ အချိန်တခုပေး ထားခဲ့ပြီးနောက်မှာတော့ ရလဒ်တွေကို ကြေငြာချိန်ကို ရောက်ရှိလာခဲ့ တာပါ။

နောက်ဆုံးမဲပေးရွေးချယ်မှုတွေ ပိတ်ချိန်ရောက်လာပြီး ရလဒ်တွေကို ကြေငြာပေး ချိန်မှာတော့ နိုဗန်ထူးက Grand Final အဆင့်အတွက် ရွေးချယ်ခံခဲ့ရပြီး ညိုမီမီထွန်း ကတော့ ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013