DVB Logo
Home
မြန်မာသတင်း
ထိုင်းဒုက္ခသည်စခန်းက ပြန်လာပြီး စာမေးပွဲအောင်သည့် ကျောင်းသားများကို ဂုဏ်ပြု  
DVB
·
June 12, 2019
ထိုင်းဒုက္ခသည်စခန်းက ပြန်လာပြီး စာမေးပွဲအောင်သည့် ကျောင်းသားများကို ဂုဏ်ပြု  
1 / 4
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နဲ့  (၂)ကနေပြီး နေရပ်ပြန်လာတဲ့မိသားစုဝင်တွေရဲ့ ကျောင်းနေအရွယ်သားသမီးတွေကို ကယားပြည်နယ်အစိုးရက   တွေ့ဆုံဂုဏ်ပြု ထောက်ပံ့ပေးခဲ့ပါတယ်။

နေရပ်ပြန်လာတဲ့ ဒုက္ခသည်တွေထဲက အခြေခံပညာ ကျောင်းတက်ဖို့ ၀င်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်တဲ့ ကျောင်းသူကျောင်းသားတွေကို မနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပညာရေးမှူးရုံးမှာတွေ့ဆုံ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးထိန်ဝင်းက “ကျနော်တို့က လာတဲ့ကလေးတွေကို ၅ တန်း၊ ၆တန်း၊ ၇ တန်း အတန်းစုံက အစ ကလေးတွေကို ပထမ placement test ဖြေလိုက်တယ်လေ။ သူတို့ကို အောင်စာရင်း ထုတ်ပေးပြီးတော့မှ သူတို့အောင်တဲ့ အတန်းကို ချပေးတာပါ။ အဲဒီအောင်တဲ့ ကလေးတွေအတွက်ကို ဆုချပေးတာပေါ့ဗျာ။ နောက်လာမယ့် ကလေးတွေအတွက်လည်း ဒီလို placement test ဖြေပြီးတော့မှ သူ့သက်ဆိုင်ရာ မြို့နယ်ကျောင်းတွေမှာ နေထိုင်နိုင်ဖို့အတွက် ဆွေးနွေးကြတာဖြစ်ပါတယ်။ ”လို့ ပြောပါတယ်။

အခြေခံပညာကျောင်းဝင်ခွင့်စာမေးပွဲကို ပြီးခဲ့တဲ့ နွေရာသီက နေရပ်ပြန် ကျောင်းသူ ကျောင်းသား ၂၈ ဦးဖြေဆိုခဲ့ရာမှာ အားလုံးအောင်မြင်ခဲ့ပါတယ်။ အောင်မြင်သွားတဲ့ ကလေးတွေကို မနေ့က အစိုးရနဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေက ထောက်ပံ့ငွေနဲ့ ကျောင်းသုံးပစ္စည်း၊ အားကစားပစ္စည်း ၀တ်စုံတွေကိုပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် နေရပ်ပြန်မိသားစုတွေအနေနဲ့ ပြန်လည်ရောက်ရှိလာပြီး ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကိုယ်ပိုင်အိမ်ရာမရှိလို့ အိမ်ရာရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း ပြည်နယ် ၀န်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

ပြည်နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးထိန်ဝင်းက “သူတို့မိဘတွေကတော့ သူတို့ ဒီကိုပြန်လာတဲ့အခါမှာ နေရေးထိုင်ရေး အခက်အခဲတွေ ရှိတာတွေ ဘာညာပြောတာပါ။ ဒါပေမယ့် အစိုးရအနေနဲ့ကလည်း သူတို့ဒီကိုပြန်လာမယ့် အတိအကျနေရာ လိုချင်တယ်ဆိုလို့ရှိရင် စောစောစီးစီး တင်ပြထားဖို့ပေါ့။ အဲဒါဆိုရင် သူတို့ပြန်စီမံလို့ရတယ်ဆိုတဲ့အကြောင်း ၀န်ကြီးချုပ်က ဖြေတာပေါ့။ ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံက ကရင်နီဒုက္ခသည်စခန်းတွေကနေ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဒုက္ခသည် ၅၉ ဦး ကယားပြန်နယ်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့သလို ၂၀၁၈ ခုနှစ် မေလကလည်း  ၂၀ ဦး ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

အဲဒီထဲက ကျောင်းနေအရွယ်ကလေး ၂၈ ဦးအတွက် အစိုးရကျောင်းတွေမှာ ပြန်လည်အပ်နှံနိုင်ရေးနဲ့ နိုင်ငံသားစိစစ်ရေးကတ်ရရှိဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်ပေးနေပါတယ်။

ဓာတ်ပုံ - IPRD LOIKAW

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013