DVB Logo
Home
Lead Story
ခိုလှုံရာသီချင်းကို လှလှပပသီဆိုပြီး The Voice Myanmar ဖိုင်နယ်တက်သွားသည့် မယ်လိုဒီခေါင်(ရုပ်သံ)
DVB
·
June 12, 2019
ခိုလှုံရာသီချင်းကို လှလှပပသီဆိုပြီး The Voice Myanmar ဖိုင်နယ်တက်သွားသည့် မယ်လိုဒီခေါင်(ရုပ်သံ)
Donate to DVB

    “ငါ စိုက်ပျိုးတာ… ငါ ကိုယ်တိုင် ရိတ်သိမ်းရတာလား… သံသရာ တလျှောက်မှာ အဆိပ်ပင် ငါစိုက်မိလေသလား… ပူလောင်တာတွေ ဘယ်အချိန်မှ အပြီးသတ်ရမှာလဲ… အို ငြိမ်းချမ်းခြင်း အစစ်ရချင်တယ်”

    ဒါကတော့ နာမည်ကြီးတေးသံရှင် ဖြိုးပြည့်စုံရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ခိုလှုံရာအမည် ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ ဒီသီချင်းကို ပုံစံတမျိုးနဲ့ ပရိသတ်တွေက ခံစား နားဆင်ကြရမှာ ဖြစ်ပါတယ်။

    တေးရေးဝင်းမင်းထွေးရဲ့ လှပတဲ့ ခံစားမှုစာသားစကားလုံးတွေနဲ့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဆီမီးဖိုင်နယ်ညမှာ သီဆိုယှဉ်ပြိုင်ခဲ့သူကတော့ မယ် လိုဒီခေါင်ပဲ ဖြစ်ပါတယ်။

    “ငါ တယောက်တည်း လာခဲ့တယ်… ဒီခရီးကြမ်းလှပါတယ်… ဘယ်သူမှလည်း နား လည်သူ မတွေ့ခဲ့ရပါတယ်… ငါ လျှောက်လှမ်းလာခဲ့တာ… မောပန်းလှပါပြီ… ဘယ်ဆီ မှာလဲ နားခိုရာ… ရှာလို့မတွေ့ပါတယ်”

    ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Semi Final အဆင့်မှာတော့ ပြိုင်ပွဲဝင် ၈ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး သူတို့ထဲက ၄ ယောက်ကတော့ ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက်ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။

မယ်လိုဒီခေါင်ကတော့ The X Factor Myanmar Season 2 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ သူတဦး ဖြစ်ပါတယ်။

“ငါ စိုက်ပျိုးတာ… ငါ ကိုယ်တိုင် ရိတ်သိမ်းရတာလား… သံသရာ တလျှောက်မှာ အဆိပ်ပင် ငါစိုက်မိလေသလား… ပူလောင်တာတွေ ဘယ်အချိန်မှ အပြီးသတ်ရမှာလဲ… အို ငြိမ်းချမ်းခြင်း အစစ်ရချင်တယ်”

ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့် စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

Semi Final အဆင့်မှာ Coach ၄ ယောက်ရဲ့ အဖွဲ့တဖွဲ့စီက ပြိုင်ပွဲဝင် ၂ ဦးစီနဲ့ ၈ ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက မယ်လိုဒီခေါင်နဲ့ Solomon King တို့ကလည်း သီချင်းတပုဒ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။

    အသက် ၂၀ နှစ်အရွယ် မယ်လိုဒီခေါင်ဟာ Blind Audition မှာ အဆိုတော် ၀ိုင်းလေးရဲ့ GoodBye သီချင်းနဲ့ သီဆိုခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိ လာခဲ့တာပါ။

Battle Round မှာတော့ သူက အဖွဲ့ထဲက ပြိုင်ဘက် Hazel နဲ့အတူ အဆိုတော် တင်ဇာမော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင် ခဲ့ကြပြီး နီနီခင်ဇော်က Hazel ကို ရွေးချယ်ခဲ့ချိန်မှာ Coach နောက်တဦးဖြစ်တဲ့ အဆို တော် ရန်ရန်ချန်းရဲ့ Steal လုပ်ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ Melody Khong ဟာ အဆို တော် Rihanna ရဲ့ Where Have You Been သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။

Live Show အဆင့်ပြိုင်ပွဲမှာတော့ Shine ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ The Old You သီချင်းကို ပီယာနိုတီးခတ်မှုနဲ့အတူ တွဲဖက်သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ် တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး  ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက် ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာတော့ ပရိသတ်က မဲပေးရွေးချယ်တဲ့ Voting ၆၀ ရာခိုင်နှုန်း နဲ့ Coach တဦးချင်းစီရဲ့ Voting ၄၀ ရာခိုင်နှုန်းနဲ့အတူ တဖွဲ့က ပြိုင်ပွဲဝင်တဦးကိုသာ ရွေးချယ်ပြီး Grand Final အဆင့်ကို ခေါ်ဆောင်သွားရမှာ ဖြစ်တာမို့ အားလုံးက ရင်ခုန် စိတ်လှုပ်ရှားခဲ့ကြတာပါ။

“ငါ တယောက်တည်း လာခဲ့တယ်… ဒီခရီးကြမ်းလှပါတယ်… ဘယ်သူမှလည်း နား လည်သူ မတွေ့ခဲ့ရပါတယ်… ငါ လျှောက်လှမ်းလာခဲ့တာ… မောပန်းလှပါပြီ… ဘယ်ဆီ မှာလဲ နားခိုရာ… ရှာလို့မတွေ့ပါတယ်”

ပြိုင်ပွဲဝင်တွေ အားလုံးသီဆိုနေကြချိန်မှာတော့ ပရိသတ်တွေက မဲပေးရွေးချယ်ဖို့ အချိန်တခုပေး ထားခဲ့ပြီးနောက်မှာတော့ ရလဒ်တွေကို ကြေငြာချိန်ကို ရောက်ရှိလာခဲ့ တာပါ။

နောက်ဆုံးမဲပေးရွေးချယ်မှုတွေ ပိတ်ချိန်ရောက်လာပြီး ရလဒ်တွေကို ကြေငြာပေး ချိန်မှာတော့ မယ်လိုဒီခေါင်က Grand Final အဆင့်အတွက် ရွေးချယ်ခံခဲ့ရပြီး ဒိုးလုံးရဲ့ ဆုတောင်းသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Solomon King ကတော့ ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013