DVB Logo
Home
မြန်မာသတင်း
သန့်သန့်ရှင်းရှင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများကို ကော်မရှင်တိုက်တွန်း
DVB
·
June 12, 2019
သန့်သန့်ရှင်းရှင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများကို ကော်မရှင်တိုက်တွန်း
Donate to DVB

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ  သန့်သန့်ရှင်းရှင်းနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ မျှတမှုမရှိဘူး၊ ဘက်လိုက်တယ်လို့ ဝေဖန်ခံနေရတဲ့အပေါ်မှာ ကော်မရှင်အဖွဲ့ဝင်က အခုလို တုန့်ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့လက ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း တင်ပြခဲ့သလို ဇွန်လ ၅ ရက်က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်ပါတီတချို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုတွေရှိတယ်လို့ ဝေဖန်ထားပါတယ်။

ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က "၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေ ကိုယ်တိုင် ဥပဒေနဲ့အညီ ပြဋ္ဌာန်းချက်တွေနဲ့အညီ သန့်သန့်ရှင်းရှင်းနဲ့ ဥပဒေနဲ့အညီ ၀င်ရောက် ယှဉ်ပြိုင်မှသာလျှင် ၂၀၂၀ ရွေးကောက်ပွဲဟာ အောင်မြင်မှာပေါ့။ ကော်မရှင်အနေနဲ့က သန္နိဋ္ဌာန်ချပြီးသားပဲ လွတ်လပ်ရမယ်၊ မျှတရမယ်၊ အများယုံကြည်လက်ခံရမယ်၊ ပွင့်လင်းမြင်သာ ရမယ်၊ ရွေးကောက်ပွဲရလဒ်ကို အမှန်အတိုင်း ဖော်ထုတ်နိုင်ရမယ်။”လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်ပါတီတွေက တွေ့ခွင့်တောင်းတဲ့ အကြောင်းအရာတွေဟာ မမှန်မကန်စွပ်စွဲချက်တွေ ဖြစ်တာကြောင့် တွေ့ဆုံခွင့်ကို ငြင်းပယ်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ရန်ကုန် ဆိပ်ကမ်းမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ် ဦးနေမျိုးအောင်အနေနဲ့ ဘာသာရေးကို ရွေးကောက်ပွဲနဲ့ ရောနှောပြုလုပ်တာ၊ ရွေးကောက်ပွဲအသုံးစရိတ်တွေ မမှန်မကန် တင်ပြတာ၊ တရားမ၀င်ငွေချေးတာ၊ နိုင်ငံပိုင်မြေပေါ်မှာ ပါတီရုံးဆောက်လုပ်အသုံးပြုတာ စတဲ့ အချက်လေးချက်ကြောင့် ပြိုင်ဘက်ကို အနိုင်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဘက်က အယူခံတက်ခဲ့မယ်ဆိုရင် အယူခံပြီးချိန်မှာ ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ်နဲ့ပတ်သက်တဲ့ ကော်မရှင်ရဲ့ စီရင်ချက်ကိုလည်း နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်တွေအားလုံးသိရှိနိုင်အောင် ကော်မရှင်အနေနဲ့ မဟုတ်ဘဲ သူ့ရဲ့ပုဂ္ဂလိက(မောင်စာဂ ကလောင်အမည်)အနေနဲ့ စာအုပ်ထုတ် ဖြန့်ဝေသွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013