DVB Logo
Home
မြန်မာသတင်း
အနံ့ဆိုးထွက်နေသည့် မော်လမြိုင် ခနောက်စိမ်းစက်ရုံကို စစ်ဆေးနေ
DVB
·
June 12, 2019
အနံ့ဆိုးထွက်နေသည့် မော်လမြိုင် ခနောက်စိမ်းစက်ရုံကို စစ်ဆေးနေ
Donate to DVB

လေထုညစ်ညမ်းမှုကြောင့် တိုင်ကြားခံထားရတဲ့ မော်လမြိုင် ခနောက်စိမ်းစက်ရုံတွေကို ပြည်ထောင်စုအဆင့်ကတာဝန်ရှိသူတွေ ကော်မတီဖွဲ့ပြီး လာရောက် စစ်ဆေးခဲ့ပါတယ်။  

ဒီခနောက်စိမ်း စက်ရုံတွေဟာ ကျောက်မီးသွေး သုံးလည်ပတ်ရာကနေ အနံ့ဆိုးတွေ ထွက်ရှိလို့ ဒေသခံတွေ နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တိုင်ကြားထားတာပါ။

ဒါကြောင့် ခနောက်စိမ်းစက်ရုံတွေကို ပြည်ထောင်စုအဆင့် ကျွမ်းကျင် ပညာရှင် ၅ ဦးနဲ့ အဖွဲ့က မေလ နောက်ဆုံးအပတ်မှာ လာရောက် စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ပြောပါတယ်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက “ဒီစစ်ဆေးတွေ့ရှိချက်တွေကို ကော်မတီအနေနဲ့ ပြည်ထောင်စု အစိုးရဆီ အစီရင်ခံစာ ပေးပို့ရမှာ ဖြစ်ပါတယ်။ မွန်ပြည်နယ် အစိုးရကတော့ ခနောက်စိမ်းစက်ရုံတွေကို ပြည်ထောင်စုက ညွှန်ကြားပေးတဲ့အတိုင်း လုပ်ဆောင်ခိုင်းသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မော်လမြိုင်စက်မှုဇုန်မှာ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ၆ ရုံ ရှိနေပေမယ့် လက်ရှိ မှာတော့ မြန်မာရှင်းရှင်းနဲ့ မြန်မာဆန်းဇော် ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ လည်ပတ်ရာမှ အနံ့ဆိုးများ ထွက်ရှိနေလို့ ဒေသခံတွေက တိုင်ကြားထားတာပါ။

ဒီခနောက်စိမ်း စက်ရုံတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မွန်ပြည်နယ် အစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။  

ဇော်လွင်ထွတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013