DVB Logo
Home
မေးမြန်းခန်း
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး ပြန်လွတ်
DVB
·
November 19, 2012
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး ပြန်လွတ်
Donate to DVB

အစိုးရက ထောင်ဒဏ်တသက်နဲ့ ၈ နှစ် ပြစ်ဒဏ်ချမှတ်ထားတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကို ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်ကနေ ဒီနေ့ မနက် ၉ နာရီခန့်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

အမေရိကန်သမ္မတရဲ့ လေယာဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆင်းသက်ချိန်မှာ မြန်မာပြည်က လူ့အခွင့်ရေးလှုပ်ရှားသူ ဦးမြင့်အေးကို အစိုးရက ပြန်လည်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_31246" align="alignleft" width="300" caption="လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး"][/caption]ဦးမြင့်အေးက “ကျနော့်အထင်ကတော့ ဒါက အစီအစဉ်ရှိရှိ လုပ်ကိုင်သွားကြတယ်လို့ ယူဆပါတယ်။ လက်ဆောင်ပေါ့ဗျာ။ လက်ဆောင်၊ လက်ဆောင်” လို့ ရယ်မောပြောပါတယ်။

ဦးမြင့်အေးက သူဟာ ဗုံးခွဲမှုကို လုံးဝကျူးလွန်ခြင်းမရှိဘဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်းနဲ့ သူဟာ လူ့အခွင့်အရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း ထူထောင်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဦးမြင့်အေးဟာ အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေအကြားက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးလုပ်ငန်းတွေ တစိုက်မတ်မတ် လုပ်ကိုင်နေရာက အစိုးရက ဗုံးခွဲမှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်အေးဟာ ရွှေပြည်သာမြို့နယ် ရပ်ကွက်ကောင်စီရုံးတခုမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ်က ဖောက်ခွဲမှု ပုဒ်မ (၃/၆)၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတို့နဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ ၈ နှစ် ချမှတ်ခံရပြီး လက်ရှိ လွိုင်ကော်ထောင်မှာ အကျဉ်းကျခံခဲ့ရတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013