DVB Logo
Home
မြန်မာသတင်း
မိုးညှင်းဆေးရုံကြီးတွင် မွေးကင်းစ ကလေးငယ်အလောင်း စွန့်ပစ်ခံရ
DVB
·
June 11, 2019
မိုးညှင်းဆေးရုံကြီးတွင် မွေးကင်းစ ကလေးငယ်အလောင်း စွန့်ပစ်ခံရ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပြည်သူ့ ဆေးရုံမှာ ဇွန်လ ၁၀ ရက် ညနေ ၇ နာရီ လောက်က ကလေးငယ်တဦးရဲ့အလောင်း စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့မ ရဲစခန်းက သိရပါတယ်။

မိုးညှင်းပြည်သူ့ဆေးရုံ သားဖွား မီးယပ်ဆောင်နဲ့ ဓာတ်မှန်အဆောင်ကြားမှာ မွေးကင်းစ ယောက်ျာလေးအလောင်းကို တွေ့ရှိကြောင်း သက်ဆိုင်ရာက သွားရောက် စစ်ဆေးရာ မစိုးစန္ဒာထွန်းဆိုသူက မိုးညှင်းပြည်သူ့ဆေးရုံသို့လာရောက်ပြသခဲ့ပြီး ဆေးရုံသို့ ရောက်ရှိစဉ် ပျက်ကျတဲ့ ကလေးအသေကို အိမ်သာခန်းကတဆင့် အပြင်သို့ စွန့်ပစ်ခဲ့တာလို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ မစိုးစန္ဒာထွန်းဟာ မိုးညှင်းပြည်သူ့ဆေးရုံမှာ တက်ရောက်ကု သမှုခံယူနေ ဆဲဖြစ်ပါတယ်။

မွေးကင်းစကလေး အလောင်းကို တာဝန်ရှိသူထံ သတင်းပို့ အကြောင်းကြားခြင်းမရှိဘဲ မိမိသဘောအလျောက် စွန့်ပစ်ခဲ့တဲ့ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ နတ်ကြီးကုန်း ရပ်ကွက်နေ မစိုးစန္ဒာထွန်း  (၁၇ နှစ်)ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈ အရ မိုးညှင်း မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ အမှုဖွင့် တိုင်တန်းထားပါတယ်။

သတင်း-ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013