DVB Logo
Home
မြန်မာသတင်း
မိုက်ကယ်ကျော်မြင့်၏ ယောက္ခမကို ဝရမ်းပြေးလက်ခံထားရှိမှုဖြင့် အမှုဖွင့်
DVB
·
June 11, 2019
မိုက်ကယ်ကျော်မြင့်၏ ယောက္ခမကို ဝရမ်းပြေးလက်ခံထားရှိမှုဖြင့် အမှုဖွင့်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းကံရွာနေ မိုက်ကယ်ကျော်မြင့်ရဲ့ ယောက္ခမဖြစ်သူ အသက် ၈၀ အရွယ် ဦးကျော်မောင်ကို ရာဇသတ်ကြီး ပုဒ်မ ၂၁၆ ဝရမ်းပြေး အိမ်မှာလက်ခံထားရှိမှုနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ပင်းတလဲရဲစခန်း တာဝန်ကျရဲအရာရှိက "မိုက်ကယ်ကျော်မြင့်ကို မနေ့က သူ့ယောက္ခမအိမ်မှာ ဖမ်းမိတယ်။ ဒီနေ့မနက်ပဲ သူ့ယောက္ခမ ဦးကျော်မောင်ကို ဝရမ်းပြေး လက်ခံထားမှုနဲ့ အမှုဖွင့်တယ်"လို့ ပြောပါတယ်။

ရန်ကုန် တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုနေရာကို မေလ ၁၄ ရက်နဲ့ ၁၆ ရက် ညတွေက  မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ဦးဆောင်တဲ့ လူစုလူဝေးက လာရောက် တားမြစ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်ကို တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့  မြို့နယ်တရားရုံးမှာ အမှုဖွင့်ခဲ့ရာမှာ မိုက်ကယ်ကျော်မြင့်က ထွက်ပြေးတိမ်းရှောင်နေခဲ့တာပါ။

မိုက်ကယ်ကျော်မြင့်နဲ့သီဟမျိုးနိုင်တို့ကို ဝရမ်းထုတ်ပြီး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရာ မနေ့က ၀မ်းတွင်းမြို့နယ်ရှိ ယောက္ခမ ဖြစ်သူရဲ့နေအိမ်မှာ မိုက်ကယ်ကျော်မြင့်ကို ဖမ်းမိခဲ့ပြီး ယောက္ခမဖြစ်သူကိုလည်း သက်ဆိုင်ရာကို အကြောင်းမကြားပဲ ဝရမ်းပြေး လက်ခံထားမှုနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013