DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သစ်ပင် ၈၀၀၀ ပြည်ခရိုင်၌ စိုက်ပျိုးမည်
DVB
·
June 11, 2019
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သစ်ပင် ၈၀၀၀ ပြည်ခရိုင်၌ စိုက်ပျိုးမည်
Donate to DVB

ဇွန်လ ၁၉ရက် ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အပင် ၈၀၀၀ ကျော်ကို တနေ့ထဲ စိုက်ပျိုးသွားမယ်လို့ ပဲခူးတိုင်း၊ ပြည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်းထွန်းက ပြောပါတယ်။

“အဲဒီနေ့မှာ Green Camping ဆိုပြီး မနက် ၈ နာရီခွဲမှာ စိုက်ကြမှာ ပြည်ခရိုင်ထဲက မြို့နယ်တွေမှာ အခုကစပြီး မြေနေရာပြုပြင်တာတွေ၊ ပန္နက်ရိုက် ကျင်းတူးတာတွေ လုပ်နေပြီ။ ရက်နီးရင်အပင်တွေပို့ပေးမယ်။ စိုက်မယ့်နေ့မှာတော့ ကျောင်းသားတွေ၊ အန်ဂျီအို အဖွဲ့အစည်း တွေ၊ ပြည်သူလူထုတွေ အားလုံးကိုဖိတ်ပြီးမှ အတူတူစိုက်ကြမှာပါ။ အဲဒီနေ့ တမနက်ထဲမှာပဲ ကျွန်းအပါအ၀င် အပင် ၈၀၀၀ ကို စိုက်ပျိုးသွားမှာ”လို့ သစ်တောဦးစီးမှူးက ပြောပါတယ်။

နောက်ထပ်စိုက်ပျိုးလိုသူတွေကိုလည်း သစ်ပင်ပျိုးပင် ၃ သိန်းခွဲကို အခမဲ့ ဝေငှ သွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ယူနိုင်တယ်လို့ ပြောပါတယ်။

အခုနှစ်အတွင်း ပြည်ခရိုင်တခုထဲမှာပဲ သစ်ပင် ၁၀ သိန်းကို နည်းလမ်း ၈ သွယ်နဲ့ စိုက်ပျိုး သွားမှာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာ သစ်ပင် ၁၁ သန်း စိုက်ပျိုးသွားမယ်လို့ သစ်တော ဦးစီးဌာနက သိရပါတယ်။

ပြည်ဒေသက အစိမ်းရောင်မျိုးဆက် သဘာဝပတ်ဝန်းကျင် ချစ်သူများကွန်ရက်ကတော့ အခု လာမယ့် ဇွန်လ ၁၅ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ရှေးဟောင်း သရေခေတ္တရာမြို့ဟောင်းထဲမှာ သစ်ပင် ၅၀၀ စိုက်ပျိုးသွားဖို့ ရှိနေပါတယ်။

သတင်း- မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013