DVB Logo
Home
မြန်မာသတင်း
မသန်စွမ်း ကျောင်းသူကျောင်းသား ၃၃ ဦး  တက္ကသိုလ်ဝင်စာမေးပွဲအောင်
DVB
·
June 11, 2019
မသန်စွမ်း ကျောင်းသူကျောင်းသား ၃၃ ဦး  တက္ကသိုလ်ဝင်စာမေးပွဲအောင်
1 / 4
Donate to DVB

၂၀၁၈-၂၀၁၉ ခု ပညာသင်နှစ်မှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာနိုင်ငံတ၀န်း မသန်စွမ်းကျောင်းသား ကျောင်းသူ ၁၅၀ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၃၃ ဦးရှိပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့တဲ့ မသန်စွမ်းကျောင်းသားတွေထဲမှာ အမြင်အာရုံ မသန်စွမ်းသူ ၄ ဦး၊ အကြားအာရုံ မသန်စွမ်းသူ ၃ ဦးနဲ့ ကိုယ်အင်္ဂါ မသန်စွမ်းသူ ၂၆ ဦး အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အခုလိုအောင်မြင်တဲ့ ကျောင်းသားတွေထဲမှာ ဂုဏ်ထူးရတဲ့ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။

မသန်စွမ်းတဲ့ ကျောင်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာမှာ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနကနေ အကူဖြေဆိုပေးမယ့် ကျောင်းသားတဦးနဲ့အတူ တွဲဖက်ဖြေဆိုခွင့်ပြုထားသလို အကြားအာရုံ မသန်စွမ်းတဲ့ကျောင်းသားတွေအတွက်ကိုလည်း လက်သင်္ကေတပြဆရာတွေကို ခေါ်ယူပြီး မေးခွန်းရှင်းပြတာတွေ လုပ်ဆောင်ပေးပါတယ်။

ဒါ့အပြင် မသန်စွမ်းတဲ့ကျောင်းသားတွေစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ဖို့အတွက်ကို စာစစ်ဌာနအလိုက် သီးသန့်စာဖြေခန်းတွေကို ပြုလုပ်ပေးတာတွေနဲ့ စာမေးပွဲဖြေဆိုချိန်မိနစ် ၃၀ အပိုပေးထားတာတွေကို လုပ်ဆောင်ပေးခဲ့တာပါ။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဇွန် ၈ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၈ သိန်းခွဲကျော်မှာ  အောင်မြင်သူ ၂ သိန်း ၆ သောင်းကျော်ရှိပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ အမြင်အာရုံ မသန်စွမ်းသူတဦး ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013