DVB Logo
Home
မြန်မာသတင်း
လိင်ပြောင်းထားသူများအတွက် မှတ်ပုံတင်တွင် ကျားမသတ်မှတ်ချက်များ ဖြေလျော့ပေးရန် တောင်းဆို
DVB
·
June 11, 2019
လိင်ပြောင်းထားသူများအတွက် မှတ်ပုံတင်တွင် ကျားမသတ်မှတ်ချက်များ ဖြေလျော့ပေးရန် တောင်းဆို
Donate to DVB

LGBT တွေနဲ့ လိင်ပြောင်းထားသူတွေအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)မှာ ကျားမ သတ်မှတ်ချက်တွေကြောင့် အခက်အခဲတွေရှိနေတဲ့အတွက် မှတ်ပုံတင်နည်းဥပဒေကို ဖြေလျှော့ LGBT အရေးဆောင်ရွက်နေသူတွေက တောင်းဆိုပါတယ်။

လိင်ပြောင်းထားသူတွေနဲ့ LGBT တွေအနေနဲ့ ခရီးသွားတဲ့အခါနဲ့ ပြည်ပခရီးစဉ်တွေ သွားတဲ့အခါမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါ်မှာပါတဲ့ ကျားမသတ်မှတ်တာတွေနဲ့ ဓာတ်ပုံ မတူတာတွေကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လိင်ပြောင်းထားတဲ့ LGBT တွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ကျားမ ပြန်လည်ပြောင်းပေးဖို့ တရားဝင်ပြဋ္ဌာန်းထားတာတော့ မရှိပါဘူး။ ဒါပေမယ့် မှတ်ပုံတင်နည်း ဥပဒေမှာ တလအတွင်း ရိုက်ထားတဲ့ ဓာတ်ပုံပြတာတို့ သီးခြားမှတ်ပုံတင်တခု ပြောင်းလဲပေးတာ တို့ စတဲ့ နည်းဥပဒေကို အနည်းငယ်ဖြေလျှော့ပေးဖို့ တောင်းဆိုနေကြတာပါ။

အာရှနိုင်ငံတွေထက် LGBT အခွင့်အရေးပိုရတယ်လို့ ပြောလို့ရတဲ့ ထိုင်းနိုင်ငံမှာတောင် နိုင်ငံသားကတ်တွေမှာ ကျားမပြောင်းလို့ရတဲ့ ဥပဒေမရှိသေးပါဘူး။ ဥပဒေပညာရှင်တွေကတော့ ဥပဒေပြုပြီးသွားရင် ပြောင်းလဲလို့ရပြီးတော့ လက်ရှိနိုင်ငံသားမှတ်ပုံတင် ဥပဒေအတိုင်း ဆိုရင်တော့ တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရတော့ ပြည်တွင်းမှာ တရားဝင် လိင်ပြောင်းတာကို ခွင့်ပြုထားတာမရှိပါဘူး။ ဒါပေမယ့် ပြည်ပနိုင်ငံတွေမှာ သွားရောက် လိင်ပြောင်းထားသူတွေရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013