DVB Logo
Home
မြန်မာသတင်း
မြန်အောင်ရေနံမြေအစမ်းတွင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့များစထွက်
DVB
·
June 11, 2019
မြန်အောင်ရေနံမြေအစမ်းတွင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့များစထွက်
1 / 3
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ရေနံမြေမှာ မေလ ၃၁ ရက်နေ့ကစပြီး တွင်းအမှတ် ၁၇၄ ကနေ တရက်ကို  ရေနံစိမ်း ၆၂ စည်နဲ့ သဘာဝဓာတ်ငွေ့ ၀.၀၉၈ ကုဗပေသန်း ထွက်ရှိနေပါတယ်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေ တွင်းအမှတ် (၁၇၄) ကို National 55/4 တွင်းတူးစက်နဲ့ မတ်လ ၃ ရက်နေ့မှာ စတင်တူးဖော်ခဲ့ပြီး သတ်မှတ်အနက် ၅၂၆၀ ပေ သို့ မေလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။

ထုတ်လုပ်မှုစမ်းသပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီး မေလ ၃၁ ရက်နေ့မှာ အခုလို ရေနံနဲ့ ဂစ်တွေ ထွက်လာတာဖြစ်ပါတယ်။

မြန်အောင်ရေနံမြေကနေ ရေနံနှင့်သဘာဝဓာတ်ငွေ့ အလားအလာရှိတဲ့ ပေ ၂၂၅၀  သဲကြောကို ဆက်လက်ရှာဖွေ တူးဖော်ထုတ်လုပ်နိုင်ဖို့ တွင်းအမှတ်(၁၇၅) တူးဖော်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေ အထွေထွေ မန်နေဂျာထံကနေ သိရပါတယ်။

မြန်အောင်မြို့မှာ မြန်အောင်ရေနံမြေနဲ့ ရွှေပြည်သာရေနံမြေ နှစ်ခုရှိရာမှာ မြန်အောင် ရေနံမြေဟာ ၁၉၆၀ ခုနှစ်ကနေ ၁၉၉၀ အထိ ရေနံထွက်ခဲ့ပြီး နောက်ပိုင်း ရေနံ အထွက်နှုန်းလျှော့လာကာ အခုနှစ်မှ ပြန်ပြီး ရေနံထွက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013